ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ခပ်လန်းလန်း ကောင်မလေး တစ်ယောက်ရှိတယ်ဗျ..။
ဘယ်ပြောကောင်းမလဲ… ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက်လုံး တစ်ယောက် မကျန်
ဝိုင်းကြောင်ကြတာပေါ့ဗျာ… ဒါပေမယ့်.. ဖြစ်ဖြစ် မြောက်မြောက် တစ်ကောင်မှ
မရှိတဲ့ အတွက် မရလိုက်ပါဘူး..။ ဟိုလူလိုလို ဒီလူလိုလိုနဲ့ ပါးစပ်အရသာ
ခံရင်း ကောင်မလေးကတော့ ကျွန်တော်တို့အဖွဲ့ထဲက ဘယ်တစ်ယောက်ကိုမှ
စိတ်မ၀င်စားခဲ့ဘူး..။
တစ်နေ့……. ကြားလိုက်ရတဲ့ သတင်းက ကောင်မလေး ဆုံးသွားပြီတဲ့..။ ညနေ
ကျောင်းကအပြန်မှာ ဆိုင်ကယ် ကားနဲ့ ၀င်တိုက်တာ ပွဲချင်းပြီးဆိုပဲ…။
ကျွန်တော်တို့ တစ်သိုက် စိတ်မကောင်းဖြစ်ရုံက လွဲပြီး ဘာမှ
မတတ်နိုင်ခဲ့ဘူးလေ…။ ညနေကျတော့ လူစုပြီး မြန်မာလူမျိုးတွေရဲ့
ချစ်စရာကောင်းတဲ့ ထုံးစံအတိုင်း ဝေယျာဝစ္စတွေ ကူညီလုပ်ကိုင်ပေးဖို့
ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် ထွက်ခဲ့ကြတာပေါ့ဗျာ…။
ကောင်မလေးက တစ်ဦးတည်းသော သမီးပါ..။ မိသားစုက အရမ်း မချမ်းသာတဲ့
လူလတ်တန်းစားထဲကပါ..။ အဖေရော အမေရော အစိုးရ၀န်ထမ်းတွေဖြစ်ပြီး
ကောင်မလေးကလည်း တက္ကသိုလ်မှာ M.A ဆက်တက်နေတာ ဆိုတော့ ပညာတတ် မိသားစုလို့
ပြောလို့ရပါတယ်..။
ကျွန်တော်တို့ ရောက်သွားတော့ ကောင်မလေး မိဘတွေကို မြင်ရတာ
စိတ်မကောင်းစရာပါပဲ..။ ငိုထားရလွန်းလို့ မျက်လုံးတွေမို့နေပြီး
အမေဖြစ်သူဆိုရင် အသံဝင်ပြီး အသံတောင် မထွက်ချင်တော့ပါဘူး..။
ကျွန်တော်တို့လည်း သတင်းမေး..နှစ်သိမ့်ပြီး.. မဏ္ဍပ်ဆောက်ဖို့နဲ့
အခြားဝေယျာဝစ္စတွေ လုပ်ဖို့အတွက် တာဝန်ကိုယ်စီ ခွဲယူပြီး
ဆောင်ရွက်ပါတော့တယ်…။
ကောင်မလေးတို့ မိသားစုက ကျွန်တော်တို့ ရပ်ကွက်ထဲကို ပြောင်းလာတာ
သိပ်မကြာသေးတာကြောင့် အသိ မိတ်ဆွေတွေ သိပ်မရှိပါဘူး..။ ကျွန်တော်တို့အဖွဲ့
လာလိုက်တာ မှန်သွားတယ်..။ မဟုတ်ရင် သူတို့ အားငယ်နေမှာ သေချာတယ်..။
ခဏကြာတော့ အန်တီက
“ဒီမှာ ညအိပ်ပေးပါလား သားရယ်..၊ အန်တီတို့က နှစ်ယောက်တည်းဆိုတော့..”
“ရပါတယ် အန်တီရယ်…. စိတ်မပူပါနဲ့… ကျွန်တော်တို့ တစ်ဖွဲ့လုံး ညလုံးပေါက် ရှိမှာပါ…”
ဆိုပြီး ကျွန်တော် အားပေးနှစ်သိမ့်လိုက်တယ်..။
ပြောရအုံးမယ်..။ ကောင်မလေးက ကားတိုက်ပြီး ပွဲချင်းပြီး ဆုံးတာဆိုတော့
သူ့အလောင်းကို အိမ်သယ်လို့ မရဘူးဗျ..။ ဆေးရုံက ရင်ခွင်ရုံမှာ ထားရတယ်..။
ဒီလိုနဲ့ မိုးလည်းချုပ်လာရော.. မီးလုံးတွေဖွင့်….. မြန်မာဓလေ့
ထုံးစံအတိုင်း ဖဲထုပ် ၀ယ်တဲ့သူက၀ယ်ပြီး ၀ိုင်းတွေ အသီးသီး စလိုက်ကြတယ်..။
ကျွန်တော်တို့အဖွဲ့ကတော့ မ၀င်သေးပဲ ဝေယျာဝစ္စတွေ လုပ်ကူနေတာပေါ့…။ ည (၁၁း၀၀)
ကျော် (၁၂း၀၀) လောက်လည်းရောက်ရော စားပွဲပေါ်မှာ လူတွေ သိပ်မရှိတော့ဘူး..။
နောက်ဆုံးတော့ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း ၄ယောက်ပဲ ကျန်တော့တယ်..။
ဇာတ်လမ်းက အဲ့ဒီမှာ စတာပဲဗျို့…။
ကျွန်တော်လေးယောက် ၀ိုင်းပြီး ဖဲထိုင်ရိုက်နေကြတယ်..။ အန်တီတို့ကလည်း
ကျွန်တော်တို့ဘေးမှာ ငူငူကြီး ထိုင်နေကြတယ်..။ ည (၁း၀၀) နာရီလောက်လည်း
ရောက်ရော… အန်တီက..
“အမလေး..အမလေး…သမီး…သမီး….”
ဆိုပြီး ခြံတံခါးဝကို ပြေးထွက်သွားတယ်…။ ကျွန်တော်တို့လည်း
ပြေးလိုက်သွားရတာပေါ့..။ ဘာဖြစ်လို့လဲ ဘာညာမေးတော့ ကောင်မလေးကို
ခြံဝမှာတွေ့လိုက်တယ်တဲ့..၊ အိမ်ထဲကို အတင်းဝင်ချင်နေတာ ၀င်လို့
မရဖြစ်နေပုံပဲတဲ့..။ ကျွန်တော် နည်းနည်းတော့ ကြောက်သွားတယ်..။ ကိုယ်က
ကြောက်နေရင် တခြားသူတွေ ပိုဆိုးနေမှာဆိုးတာနဲ့..
“သြော်..အန်တီရယ်.. အန်တီက ငိုထားလွန်းလို့ မျက်လုံးမို့ပြီး ထင်ယောင်ထင်မှား ဖြစ်တာပါ…”
ဆိုပြီး နှစ်သိမ့်ပြီး အိမ်ထဲ ပြန်ခေါ်လာခဲ့တယ်..။
ဒီလိုနဲ့ ကျွန်တော်တို့ ဖဲဆက်ရိုက်ဖြစ်တယ်..။ ကျွန်တော့်စိတ်က
ဖဲဝိုင်းထဲမှာ မရှိဘူး..။ ခြံတံခါးဝကိုပဲ ရောက်နေတယ်..။ ခဏကြာတော့
ခြံတံခါးဝကို ဖျတ်ခနဲ ကြည့်လိုက်တော့ လားး လားးး… ကောင်မလေးဗျို့…
ခြံတံခါးဝဖွင့်နေတာ.. ဒါပေမယ့် ချက်ချင်းပဲ ..ကျွန်တော့်မြင်ကွင်းထဲကနေ
ပြန်ပျောက်သွားတယ်..။
ကျွန်တော် ဝေခွဲမရဖြစ်နေတုန်းမှာ အန်တီက တစ်ခါ ပြေးဆင်းသွားပြီး ခြံတံခါးကို ဆွဲဖွင့်လိုက်တယ်..။
ပြီးတော့
“သမီး… လာ….လာ…. အိမ်ထဲဝင်… “
ဆိုပြီး လူတစ်ယောက်ကို လက်ဆွဲခေါ်လာတဲ့ပုံစံမျိုးနဲ့
ခြံထဲပြန်ခေါ်လာတယ်..။ တစ်ကယ်တော့ ဘာမှ မရှိဘူးဗျ…။ ပြီးတော့
ကျွန်တော့်ဘေးနားမှာ ထိုင်ခိုင်းလိုက်တယ်..။ ကြမ်းခင်းသံ တကျွီကျွီနဲ့
မြည်သွားတယ်..။ ပြီးတော့ ကျွန်တော့်နားမှာ အနံ့ဆိုးကြီး တစ်ခုကို ကျွန်တော်
ရလိုက်တယ်..။ ကျွန်တော် သိလိုက်ပြီ..။ ကောင် မလေး ကျွန်တော့်နားမှာ
ဝင်ထိုင်နေလေပြီ..။
အန်တီကတော့ ဘယ်သူမှမရှိတဲ့ ကျွန်တော့်ဘေးကနေရာကိုကြည့်ပြီး
တတွတ်တွတ်ပြောနေတယ်..။ ဦးလေး ကလည်း ကြောက်လွန်းလို့ အသံတောင် မထွက်နိုင်ပဲ
ကျွန်တော်တို့ သူငယ်ချင်း ငါးယောက်လုံးကတော့ ကြောင်ပြီး ကြည့်နေမိ ကြတယ်..။
အဆိုးဆုံးကတော့ ကျွန်တော်ပေါ့..။ သူ ကျွန်တော့်ဘေးနားမှာ တစ်ကယ်ထိုင် နေတာ
ကျွန်တော်သိတယ်..။ ပြင်းထန် ဆိုးဝါးတဲ့ အပုပ်နဲ့ကို ရှုရှိုက်ရင်း
ကျွန်တော့် ကြောက်စိတ်က ငယ်ထိပ် ကိုရောက်နေတယ်..။ ကျွန်တော် နဖူးကချွေးတွေ
တဒီးဒီး မျက်နှာပေါ်စီးကျနေတာကို သိပေမယ့် သုတ်ပစ်ဖို့ မပြောနဲ့ လူကို
မလှုပ်ရဲဘဲ အသက်ကိုတောင် ဖြည်းဖြည်းချင်း ရှုနေလိုက်တယ်…။
ခဏကြာတော့ အန်တီက.. “သမီး.. ဘယ်သွားမလို့လဲ..” ဆိုပြီး
မေးလိုက်တယ်..။ ကြမ်းခင်း တကျွီကျွီ မြည်သံကို ကြားလိုက်ရပြန်တယ်..
ကျွန်တော်ပျော်သွားတယ်.. ဟုတ်တယ်လေ.. သူ့ဟာသူ သွားချင်တဲ့နေရာသွား
ကျွန်တော့်နား ရှိမနေရင် ပြီးရောလေ..။
အန်တီက သူ့သမီးသွားတဲ့နေရာကို လိုက်ကြည့်နေတယ်ထင်တယ်.။ သူ့မျက်လုံးက
ရွှေ့လျားနေတယ်..။ ခဏကြာတော့ အန်တီ့အကြည့်က ကျွန်တော့် တည့်တည့်မှာ..။
အောင်မလေး…… ကောင်မလေး ကျွန်တော့် နောက်ကျောမှာ ရပ်နေပီ…။
“သမီး…ဘာလုပ်မလို့လဲ… အဲ့လို မလုပ်ရဘူးလေ..သမီး..အဲ့ဒါ သမီးရဲ့ သူငယ်ချင်းလေ..”
အန်တီက ထိတ်လန့်စွာနဲ့ အော်ပြောလိုက်တယ်..။
ကျွန်တော် လည်း မျက်စိမှိတ်နေလိုက်ပြီး ရသမျှ ဘုရားစာတွေ စိတ်ထဲကနေ
ရွတ်ဆိုနေလိုက်တယ်..။ ဟိုသကောင့်သားလေးကောင်နဲ့ ဦးလေးဆီကလည်း ဘာသံမှ
မကြား…။ အကုန်လုံး ကြောက်ပြီး ကြောင်တောင်တောင် ဖြစ်ကုန်ကြပီထင်တာပဲ..။
“သမီး.. အဲ့လို မလုပ်နဲ့လို့ အမေ..ပြောနေတယ်နော်…အမေ့စကားနားထောင်စမ်း..”
ကျွန်တော်ကတော့ ဘာဆက်ဖြစ်မလဲ ကျွန်တော် ဆက်မတွေးတော့ဘူး..။
ကိုယ့်ကိုယ်ကို သေလူလို့ သတ်မှတ်ပြီး ဖြစ်ချင်ရာဖြစ် သဘောထားကာ
ကောင်မလေးရဲ့ မျက်နှာကို မြင်ယောင်ပြီး စိတ်ထဲကနေ မေတ္တာပို့ပေးလိုက်တယ်…။
ကောင်မလေး ကောင်းရာမွန်ရာ ဘ၀ကို ရောက်ပါစေ…
ခဏကြာတော့… ကျွန်တော် အသက်ရှုကြပ်သလို ခံစားလာရတယ်..။ ပတ်ဝန်းကျင်ကို
ဘာမှ သဲသဲ ကွဲကွဲ မမြင်ရတော့ဘူး..။ အဲ့နောက်.. ကျွန်တော် ဘာမှ မသိတော့ဘူး…။
ကျွန်တော် ပြန်သတိရလာတော့ အိမ်ရောက်နေပြီ..။ ကျွန်တော်က ကုတင်ပေါ်မှာ..
ကုတင်ဘေး ပတ်ပတ်လည် မှာ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ကျွန်တော့် မိသားစုကို
တွေ့လိုက်ရတယ်..။
“အမေ..သားဘာဖြစ်သွားတာလဲ..”
“သားမနေ့ညက သရဲဝင်ပူးခံရတာလေ…”
“ဗျာ…ကောင်မလေး ၀င်ပူးတာလား..”
“ဟုတ်တယ် ဟရောင်.. ကောင်မလေးက မင်းကိုဝင်ပူးပြီး
ငါတို့လေးယောက်ကို တံမြက်စည်း ဆွဲပြီး လိုက်ရိုက်တာဟေ့… ပြေးလိုက်ရတာကို
မပြောနဲ့တော့..။ နောက်ပြီး မင်းပါးစပ်ကလည်း ပြောသေးတယ်…. သေနာကောင်တွေ…
ငါ့ကို စချင်အုံးတဲ့..”
ကျွန်တော်တို့ နောက်ပိုင်း ကောင်မလေးအိမ်ကို မသွားဖြစ်ခဲ့ပါ..။
မသွားရဲတာကြောင့်လည်းပါသည်။ရက်လည် တဲ့ရက်အထိ အားလုံးအေးအေးဆေးဆေး
ပြီးသွားတယ်လို့ ကြားရတော့ စိတ်ထဲမှာ တစ်ကယ်ပဲ ကောင်မလေး အတွက်
ဝမ်းသာမိသည်…။ ငါတို့ ချစ်တဲ့ကောင်မလေးရေ…မင်းလေးကောင်းရာသုဂတိ
လားပါစေကွာ…။
point
!-kp-3နည်းပညာ-http:>
Wednesday, 26 November 2014
သရဲအိမ်
အနောက်ရိုးမ တောင်တန်းကြီးတွေ ပေါ်မှနေ၍ အိပ်တန်းဌက်တို့ အုပ်စုဖွဲ
့ပျံသန်းသွားကြချိန် ၊ သွေးနီရောင် တိမ်တိုက် တို့ အား တိမ်မဲများက
တစတစ၀ါးမြိုနေချိန်..ရွာလေးရဲ့ အစွန်း မှာရှိတဲ့ 
ကိုးတောင်ပြည့်စေတီလေးရဲ့ခြေတော်ရင်း ဧရာဝတီ မြစ်ကမ်းနဖူးမှာ တရွာတည်း
အတူနေချစ်သူများဖြစ်ကြသည့် မင်းသူ နှင့် နှင်းမေ တို့သည် ပခုံးယှက်လက်တင်
ကြင်နာမှု့ အပြည့်တို့ဖြင့် အဝေးတနေရာကိုနှစ် ဦးသားငေးမောနေရင်း
သက်ပြင်းတို့ သည်အခါခါ ချမိနေကြလေ၏။
ထိုချစ်သူနှစ်ဦးတို့ထံမှ တခါတရံ စကားသံတိုးတိုး ထွက်ပေါ်လာတတ်ပြီး တခါတရံမှာတော့ ရှိုက်သံသဲ့သဲ့ ထွက်ပေါ်လာတတ်သည် ။ ချစ်သူနှစ်ဦးပြောဆိုနေကြနေသည့်အကြောင်းကား……
“ ကိုကြီး..နှင်းမေလေ… ကိုကြီးကိုအရမ်းချစ်တယ်သိလား….”ထိုချစ်သူနှစ်ဦးတို့ထံမှ တခါတရံ စကားသံတိုးတိုး ထွက်ပေါ်လာတတ်ပြီး တခါတရံမှာတော့ ရှိုက်သံသဲ့သဲ့ ထွက်ပေါ်လာတတ်သည် ။ ချစ်သူနှစ်ဦးပြောဆိုနေကြနေသည့်အကြောင်းကား……
“ ကိုကြီး လဲ သိပ်ချစ်ပါတယ် နှင်းမေလေးရယ်..ကိုကြီး တို့အတူနေကြဖို့ကိုလေ .. ကြိုးစားနေတယ်နေတယ် နှင်းမေလေးရဲ့ …ဟောဒီမှာကြည့် ကိုကြီးခြေဖ၀ါးမှာ နှင်းမေလေး နဲ့နောင်နှစ်မှာ အတူနေနိုင်ဖို့.. လယ်ယာ ချောင်းမြောင်းကြားမှာ… သွားလာပြီးငါးရှာဖားရှာခဲ့တာတွေကြောင့်…ခြေဖ၀ါးမှာ…ငုတ်စူးရာဘရပွဖြစ်နေတာ…..”
ပြောလည်းပြော မင်းသူမှာ နှင်းမေမြင်သာအောင် ခြေထောက်ကိုရှေ့ တိုးပြလိုက်သဖြင့်..နှင်းမေမှာ ငုံကြည့်လိုက် သဖြင့် နှင်းမေ ပါးစပ်မှ စုပ်သတ်သံလေးထွက်ပေါ်လာသည် ။
“ ဟုတ်ပါရဲ့ ….ကိုကြီးရယ်… ခြေမကြီးမှာလဲ သွေးညိုတွေဥ ပြီးရောင်နေပါလား…..”
“ တနေ့က လယ်စပ်က ညဖက်အပြန် ကန်သင်းပေါင် နဲ့  ခလုပ်တိုက်မိတာလေ….ဆေးရွက်ကြီးဝါးပြီး အုံထား ပါတယ်..နှင်းမေလေးရဲ့…စိတ်မပူပါနဲ့…နောက်ရက်ဆိုပျောက်သွားမှာပါ…..”
“ ညော်မိမခံနဲ့ နော် ကိုကြီး…တော်ကြာနေ ငန်းဝင်နေဦးမယ်….”
“ နှင်းမေလေး အဲလိုပြောလိုက်တာတောင်…အနာတ၀က်သက်သာသွားပြီ..နှင်းမေရဲ့ ….”
မင်းသူက ပြောပြောဆိုဆို နှင်းမေ ပါးလေးကို နမ်းလိုက်တော့…တိမ်တောက်ချိန်နဲ့အပြိုင် နှင်းမေ ပါးပြင်မှာ ပန်းဆီရောင်သမ်းသွားလေရဲ့ ….။
“ ဒီညလေ နှင်းမေ ကိုကြီး ကိုပြောစရာရှိလို့…ချိန်းလိုက်တာ…ကိုကြီးဆီက စကားတွေကြားရတော့.. နှင်းမေ ပြောမထွက်ဘူး….မပြောလဲမပြောရက်တော့ပါဘူးကိုကြီးရယ်….”
“ အော် နှင်းမေရယ်…ကိုကြီးကိုများပြောစရာရှိတာပြောမှပေါ့…နှင်းမေ ဘာပူစာချင်တာလဲပြော…ကိုကြီး ၀ယ်ပေးမယ်လေ….သရက်ထည်အဆင်ဆန်းလေးတွေလား…သနပ်ခါးလား..ပြောမြို့ကိုလူကြုံရှိရင်မှာပေးမယ်..”
“အဲဒါတွေ..တခုမှ မဟုတ်ဘူးကိုကြီးရယ်….”
ပြောပြောဆိုဆို နှင်းမေ မျက်နှာလေး ညိုးသွားပြီးအတန်ကြာငြိမ်သက်သွားသဖြင့်… မင်းလူမှာ နေမထိထိုင်မသာဖြစ်သွားကာ…
“ နှင်းမေလေးရယ်…ပြောမှပေါ့…နှင်းမေ မပြောရင်လေ…ကိုကြီးဘယ်သိပါ့မလဲ…ကဲပြော…ဟုတ်ပြီလား..”
“ နှင်းမေပြောရင် ကိုကြီး နှင်းမေကို စိတ်မဆိုးရဘူးနော်…”
“ ဟုတ်ပါပြီ ….နှင်းမေရယ်…မဆိုးရပါဘူးတဲ့ဗျာ…နှင်းမေ ကို ကိုကြီးဘယ်တုန်းက စိတ်ဆိုးဘူးလို့လဲ..ကဲပြော..”
“ ဟိုလေ..နှင်းမေကိုကြိုက်နေတဲ့ တယောက်ရှိနေတယ် သိလား… ရွာတောင်ဖက်က ကုန်စုံဆိုင်က မနန်းရဲ့  အကိုဝမ်းကွဲပေါ့…အသက်ကတော့လေးဆယ်ကျော်နြေ့ပီ….သူမြို့ကနေ..အလည်ရောက်နေတာ…တလလောက်ရှိပြီ…ပြီးခဲ့တဲ့ဥပုဒ်နေ့က ဆွမ်းချက်ဖို့  ဈေးသွားအ၀ယ်မှာ နှင်းမေ ကိုမြင်သွားပြီး…မနန်း ကတဆင့် ပြောခိုင်း လာတယ်…သူ ..နှင်းမေကို မေတ္တာရှိလို့ပါ..တဲ့…နှင်းမေက လက်ခံမယ်ဆိုရင်တော့.. နှင်းမေကို လာတောင်းပါ့မယ်တဲ့ …”
“..ဒါများ..နှင်းမေလေးရယ်…နှင်းမေ မှာ ချစ်သူရှိတယ် ပြန်ပြောလိုက်ယုံပေါ့.. ဟုတ်ဘူးလား….”
“ နှင်းမေကလေ…ဒီလိုတွေးမိတယ် ကိုကြီးရဲ့ ….သူ က အဘတို့ ကို လဲ လယ် ဧကနှစ်ဆယ်အပြင် နွား တရှဉ်းလဲပေးထားခဲ့မယ်…လက်ရှိ အိမ်လေးကိုလဲပြန်ပြင်ဆောက်ပေးခဲ့မယ်တဲ့…ကိုကြီး…အဲဒါလေ…နှင်းမေ စိတ်နှစ်ခွဖြစ်နေတယ်…လှေနံနှစ်ဖက်နင်းတယ်လို့လဲ အပြောမခံချင်ဘူး…သူ့ ကိုလဲလက်ခံချင်တယ်… ကိုကြီးကိုလဲ အရမ်းချစ်တယ်… သူ့ ကို လက်ခံလိုက်မယ်လို့ဆိုတာကလဲ..အဘတို့အသက်ကြီးနေပြီဆိုတော့ နှင်းမေ အဘတို့ရှေ့ ရေးအတွက်စိုးရိမ်တယ်…နောက် ကိုကြီးမှာကလဲ… အလုပ်အကိုင်က အဆင် မပြေနေတာဆိုတော့……”
“ တော်ပါတော့..နှင်းမေရယ်…ဆက်မပြောပါနဲ့ တော့….”
မင်းသူ ထံမှ စကားအဆုံးမှာတော့…. နှစ်ဦးလုံးဆီမှာ စကားသံထွက်မလာတော့ပဲ အသက်ရှုသံပြင်းပြင်းတွေသာ အတန်ကြာသည်အထိထွက်ပေါ်လာနေပါတော့တယ်….။ ထို အချိန်မှာနေလုံးမှာ အနောက်ရိုးမ တောင်တန်းတွေ ကြားမှာ လုံးလုံးပျောက်ကွယ်သွားပြီး.. မိုးရိပ်မိုးသားတို့ သည် တရိပ်ရိပ်ဖြင့် တက်လာနေသည် မင်းသူနှင့် နှင်းမေ တို့ နှစ်ဦးလုံးမှာ သတိမထားမိခဲ့ကြပေ..။
အတန်ကြာမှသက်ပြင်းရှည်ကြီးချသံကြားလိုက်ရပြီး..စတင်ပြောလာသူကတော့မင်းသူထံမှဖြစ်ပါတယ်…
“နှင်းမေ…ကိုကြီးနှင်းမေ ကိုအပြစ် မတင်ရက်ပါဘူးကွာ…တကယ်တော့  နှင်းမေ ပြောတာတွေ ဟုတ်ပါတယ်.. ကိုကြီးမှာ ဘာမှအဆင်သင့်မဖြစ်သေးတဲ့အချိန်..နှင်းမေလဲ အသက်အရွယ်ကြီးနေပြီ ဖြစ်တဲ့ မိဘတွေကို ကောင်းကောင်းမွန်မွန်ထားချင်ရှာမှာပေါ့…ကိုကြီးနားလည်ပါတယ်…”
“နှင်းမေ က အခုကိစ္စကို အဘတို့ ကိုတောင် ပေးမသိသေးဘူး ကိုကြီးရဲ့ ..”
“ အင်းပါ…ကိုကြီး နှင်းမေလေးအပေါ်မှာထားတဲ့မေတ္တာတရားကိုပြောပြမယ်…နှင်းမေလေးကို လေ ကိုကြီးထက် ငယ်တော့ ညီမလေးတလောက်လိုလဲချစ်တယ်…နောက်လေ..သမီးရည်းစား လိုလဲချစ်တာနှင်းမေလေးရဲ့ ..”
“ နှင်းမေက မြို့ ကိုရောက် သွားရင်လဲ ကိုကြီးကို အမြဲသတိရနေမှာသိလား…နှင်းမေချစ်တာက ကိုကြီးကိုပါ.. တကယ်တမ်းခွဲနေကြပြီဆိုရင်တောင် နှင်းမေ ကိုကြီးကို ခွဲနိုင်ပါ့မလားမသိဘူးကိုကြီးရယ်… နှင်းမေ ကိုကြီးကိုပဲချစ်တာ..ခုဟာကလေ………”
“..အင်းပါ….ကိုကြီးနားလည်ပါပြီ………ညီမ..လေးရဲ့ …..”
မင်းသူသည် နှင်းမေ ၏ ဆုံးဖြတ်ချက်ချပြီးသည်းအလား ပြောဆိုလိုက်သည့် စကားလုံးများကြောင့် ဆက်လက်ကြားလိုဟန်မရှိသည့်အတွက် စကားစဖြတ်လိုက်သော်လည်း.. မင်းသူ၏ စကားသံတို့ သည် အက်ကွဲဆွေးမြည့်သံ တို့ပါနေသည့်အတွက်အဆုံးတွင် တိုးဝင်ပျောက်ကွယ်သွားပြီး နှစ်ဦးသားထံမှ မည်သည့် စကားသံမှ ထွက်မလာတော့ပေ…။
ထိုအချိန်တွင် မြစ်ဖက်မှ လေကြမ်းကြမ်းတချက်ဝေ့လိုက်သည့်အတွက် ကိုးတောင်ပြည့်စေတီ၏ ဆည်းလည်းသံတို့သည် သူတို့နှစ်ဦးရှိရာသို့လွှင့်ပျံ့လာနေ၏ ။နှင်းမေလေးမှာ သူချစ်သည့် မင်းသူ အား ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်ပြီး ကလေးငယ်တဦးပမာ ဦးခေါင်းကို မင်းသူ ၏ ပုခုံးထက်တွင် တိုးဝှေ့ ကြည်စယ်နေသယောင်….။ အချိန်မည့်မျှကြာသွားသည်မသိ…မိုးသားမိုးရိပ်တို့မှာလည်း ကောင်းကင်တခုလုံးဖုံးအုပ်သွားပြီး ရွာဖက်ဆီမှာ မီးရောင် လဲ့လဲ့ ကိုသာ မြင်ရတော့သည် ။ နှင်းမေမှာ ပြန်ကြရန်အတွက် မင်းသူအား…
“ ကိုကြီး ပြန်ကြရအောင်လေ….” “ ဟင်…… ကိုကြီး ငိုနေတယ်ဟုတ်လား……”
မင်းသူမျက်နှာအား သူ့ဖက်သို့ ဆွဲလှည့်ပြီး ပြောလိုက်သည် ။ မင်းသူ၏ ကြမ်းတမ်းပြီး မဲညစ်ညစ် ဖြစ်နေသော မျက်နှာကြီးနှင့် မလိုက်ဖက် လှသော သမုဒ္ဒယမျက်ရည်တို့သည် မျက်ဝန်းများမှ တသွင်သွင် စီးဆင်းနေဆဲ……
“အင်း ..ကိုကြီးက နှင်းမေလေး မြို့ ကိုသွားနေရတော့ မယ်ဆိုတော့…တွေးပြီးပျော်လို့ပါ.. ကိုကြီး တခါမှ မရောက်ဘူးတဲ့မြို့ဆိုတာကြီးကို ညီမလေးသွားနေရတော့မှာ မို့ ၀မ်းသာမိတာပါ….”
မင်းသူမှာ ပါးစပ်ထဲရှိရာ အဆင်ပြေနိုင်မည့် စကားများကိုပြောဆိုမိသွားသော်လည်း… ယောင်္ကျားကြီး တယောက်ရဲ့  ခံစားချက်တို့ ပြင်းထန်စွားပေါက်ကွဲနေခြင်းကို မရှိက်ပဲ..ပွင့်အံ မထုတ်ပဲ.. ပါးပြင်ထက်က မျက်ရည်ကြောင်းကြီးတွေတော့ မတားဆီးနိုင်ခဲ့….
“ မငိုပါနဲ့ ကိုကြီးရယ် ကိုကြီးငိုတော့ နှင်းမေ လဲငိုချင်တယ်….”
ပြောပြောဆိုဆို နှင်းမေ ၏ မျက်ဝန်းများမှ မျက်ရည်တို့ သည်လည်းပိုးပိုးပေါက်ပေါက် ကျဆင်းလာခဲ့ လေတော့သည် ။
“ အော်…နှင်းမေလေးရယ်…မငိုရဘူးလေ….”
“ ဟင့်အင်း ငိုချင်လာပြီ…နှင်းမေ ကိုကြီး အပေါ် မတရားဘူးထင်တယ်….နှင်းမေ ဘာလုပ်ရမှန်း မသိတော့ဘူးကိုကြီးရယ်….”
“..နှင်းမေ……နှင်းမေ………သြော်…ညီမလေး…ရယ်…”
ချစ်သူနှစ်ထံမှာမျက်ရည်များ တားမရဆီမရ ကျဆင်းလာချိန်မှာပဲ…ညှာတာမှု မရှိပဲ သွန်းရွာလိုက်သော မိုးကြမ်းများအောက်မှာ ချစ်သူနှစ်ဦးတို့ မှာ တသိမ့်သိမ့်ငိုနေကြဆဲ…။
အားရအောင် ငိုကြွေးကြပြီးနောက်….မင်းသူထံမှ…..
“ ကဲ ညီမလေးကိုကြီးပြောမယ်……သေသေချာချာနားထောင်….ညီမလေး ဟိုလူကြီး ကမ်းလှမ်းလာတာကို လက်ခံလိုက်နော်… သိလား….ညီမလေး မြို့ ရောက်သွားရင် ကိုကြီး မကြာမကြာ အလည်လာခဲ့မယ်…သိလား… အဲကြရင် ကိုကြီး ကို ဘုရားတွေ ဖူးရအောင်လိုက်ပို့လေနော်…ညီမလေး မြို့ကိုရောက်သွားမှ ကိုကြီးလဲ…မြို့  ကဘုရားတွေ တ၀ဖူးရ မှာ…..ပြီးတော့……….ပြီးတော့… အို လိုက်သာလိုက်သွားပါ ညီမလေးရယ်… ဟုတ်ပြီလား. မကြာခင် ကိုကြီးလဲလိုက်လာခဲ့မယ်…ဟုတ်ပြီလား…လာထ..ပြန်ကြစို့ ညီမလေး…”
နှင်းမေ မှာ ကလေး တယောက်ကဲ့သို့  ….ရှိုက်ကြီးတငင်ငင် ငိုကြွေးရင်း…မင်းသူခေါ်ရာ ရွာ အပြန်လမ်း ဖက်ဆီသို့ လိုက်ပါသွားလေတော့သည်….။
———————————————————–။ ———————————————————-
နောက်တလခန့် အကြာမှာတော့….နှင်းမေ ရဲ့ မင်္ဂလာဆောင် ကို ရွာမှာ အကြီးကျယ်ဆုံး ကျင်းပတော့မှာမို့  ရွာခံကာလသားများရော လူကြီးလူငယ်များပါမကျန် ပျော်ရွင်နေကြပါတယ်…။
ထိုအချိန်မှာ မင်းသူ တယောက်မှာ မိုးလင်းက မိုးချုပ် မြစ်ရိုးချောင်းရိုးက မတက်ပဲ နှင်းမေ ရဲ့ မင်္ဂလာဆောင်မှာ ထိုက်ထိုက်တန်တန် လက် ဖွဲ့ ဖို့ အတွက် ကြိုးစားပြီးရှာနေလေရဲ့…သွားလေရာမှာ ပလိုင်းတလုံးအမြဲလွယ်ထားပြီး ပလိုင်း ထဲမှာတော့… လူမြင်မခံစေချင်တဲ့ တောအရက်မီးတောက် တလုံးကိုဆောင်ထားတတ်တယ်…။ လူတွေ နဲ့အဝေးဆုံးနေရာရောက်ပြီဆိုရင်ဖြင့် မီးတောက်အောင်ပြင်းတဲ့ အရက် ကို စိတ်ရှိသလောက်မော့ချလိုက်တာကို ဘယ်သူမှ သိလိုက်မှာ မဟုတ်ပါဘူး..။ မင်းသူရင်ထဲက အပူတွေနဲ့ လဲ မီးတောက်တောအရက်က မယှဉ်သာဘူးထင်ပါ့…။
ရွာထဲက ည လူသံတွေ တိတ်ဆိတ်ချိန်လောက်ကျ မှ မင်းသူ တယောက် ပလိုင်းကိုဆွဲ ရွှံ့တွေရေတွေ စိုစွတ်နေတဲ့အ၀တ်အစားတွေနဲ့ ရွာထဲကိုပြန်ဝင်လာတတ်ပါတယ်..။ ဒိနောက်…ရွာထိပ်က ငါးဒိုင်မှာ ရလာသမျှ ငါးတွေ ကိုရောင်းတယ်…သူအတွက်ကတော့ အရက်ပြင်းတလုံးဝယ်ပြီး ကျန်ငွေကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ သူနေတဲ့တဲလေးဆီပြန်လာတတ်ပါတယ်…တဲဆီပြန်ရောက် ရင်ဖြင့်အရင်ဆုံး သူ့ ရဲ ဘဏ်တိုက်ကြီး ဖြစ်တဲ့ ၀ါးဆစ်ဘူးကြီးကို အရင်ဆုံးမြေကြီးထဲကတူးပြီး လက်ထဲဆုပ်လာသမျှ ပိုက်ဆံတွေကို အကုန်ထည့် ပြီးတာနဲ့ မြေကြီးထဲပြန်မြုပ် ။ ပြီးနောက် မှာ ပုဆိုးပိုင်းလေးလဲဝတ်ပြီးတာနဲ့… အရက်ပုလင်းဆီလက်လှမ်းပြီး… ကုန်သည့်တိုင်အောင် မော့ချလိုက်ပြီ… လောကကြီးနှင့် တညတာ အဆက်ပျက်သွားပြန်ပါတော့တယ်…။ ဒီလို နဲ့ နှင်းမေ လေး မင်္ဂလာဆောင်မယ်နေ့ရောက်ခဲ့ပါပြီ…
တရွာလုံးမီးခိုးတိတ်ကျွေးမှာဆိုတော့..မနက်မိုးလင်းထဲကပြင်ဆင်နေလိုက်ကြတာ..ဓါတ်စက် ကိုလဲ မြို့  က အကောင်းဆုံးဆိုတာမှာ ဌားဖွင့်တာတဲ့…နှင်းမေလေးကိုလဲ ဆင်ထားလိုက်တာမှရွှေရောင်စိန်ရောင်တွေ တဖိတ်ဖိတ်နဲ့  မြို့ကဓါတ်ရှင်မင်းသမီးတွေ အတိုင်းဆိုပဲ.. မင်းသူ လန့် နိုးလာတဲ့အချိန်မှာ နားထဲကို တိုးဝင်လာ တဲ့အသံတွေ…
“ နှင်းမေလေးကို မြင်ချင်လိုက်တာ…နှင်းမေလေးရယ်…”
မင်းသူ နှုတ်မှတီးတိုးထွက်ပေါ်တဲ့စကားသံ…
တခဏ အတွင်းမှာ မင်းသူတယောက် တဲ ခေါင်းရင်းကိုပြေးသွားပြီး မြေကြီးတွေကိုလက်ကြမ်းကြီး နှစ်ဖက်နဲ့ တူးဆွကာ သူ့ ပိုင်ဆိုင်သမျှ တခုထဲသော တန်ဖိုးအကြီးဆုံး ၀ါးဆစ်ဘူးကြီးကိုတူးဖော်နေပြီး လက်ထဲ ရောက်လာတာနဲ့ ..သူ့ ဝတ်ထားတဲ့ပင်နီအင်္ကျီအဟောင်းကြီးနဲ့ မြေကြီးတွေ ကို ပွတ်တိုက်ဖယ်ရှား.. နေလိုက်တယ်..တဆက်ထဲမှာပဲ သူ့ တဲခြေရင်းမှာနေတဲ့  သူဘကြီးတ၀မ်းကွဲတော်စပ်သူထံသွားလိုက်ပြီး …
“ ဘကြီး နှင်းမေ မင်္ဂလာဆောင်သွားမှာ မဟုတ်လား…သွားရင် ကျနော် ရဲ့ နှင်းမေ အတွက်လက်ဖွဲ့  လေးကိုပေးပေးပါနော်…”
“ ငါ့တူရ မင်းလက်ဖွဲ့ ကြီးကလဲ ၀ါးဆစ်ဘူးကြီးပါလား…ကြည့်လဲလုပ်ပါမောင်ရင်ရယ်…”
“ ပေးသာပေးလိုက်ပါဘကြီးရာ….ကျနော်လက်ဖွဲ့ လို့သာနှင်းမေလေးကိုပြောလိုက်…ကျနော်က ချောင်းစပ်မှာ မြုံးတွေထောင်ထားတာ သွားဖော်ရမှာ မို့အပြန်နောက်ကျနေ ရင် မမီလိုက်ပဲနေ မှာစိုးလို့ပါ…။
“ အေးကွာ ထားခဲ့….”
မင်းသူလဲ ဘကြီးဖြစ်သူကိုနှုတ်ဆက်ဖို့တောင် သတိမရ ပဲ ရွာပြင်ကိုခြေလှမ်းကျဲကြီးမှာဖြင့် ထွက်သွာပါတော့တယ်…..။ ရွာပြင်နားက အရက်ချက်ဖိုရောက်တာနဲ့  ချက်အရက်မီးတောက် နှစ်လုံးကို အကြွေးဝယ်ကာတလုံးကိုခါးကြားထိုး ၊ တလုံးကိုဆက်တိုက်နီးပါး မော့ကာမော့ကာ ဖြင့် ရွာနှင့်အဝေးဆုံး ကို ဦးတည်ရာမဲ့  လှမ်းနေပါတော့တယ်…
———————————————————— ။ ——————————————————-
တရွာလုံးပျော်လိုက်ကြသည်ဖြစ်ခြင်း..။ တဦးတယောက်ကိုမျှော်နေသူကတော့ နှင်းမေလေး… လည်တဆန့်ဆန့် နှင့် သူ့ ရဲ့ အချစ်ဆုံးကိုကြီး မင်းသူ ပေါ်မလာသေးသည့်အတွက်ကြောင့် မျှော်နေမိသူ ။ မင်္ဂလာဆောင် ကျင်းပနေရာသို့ မင်းသူ ရဲ့ ဘကြီးဝမ်းကွဲ ရောက်လာတော့ နှင်းမေလေးမှာ အပြေးအလွှား မေးရသည် ။
“ ဘကြီး အစ်ကို မင်းသူရောဟင်….”
“ မင့် အကိုကွယ် မြုံးတွေ ဖော်စရာရှိလို့ ဆိုပြီးရေးကြီးသုတ်ပြာ နဲ့ ထွက်သွားလေရဲ့ ဘကြီး ကိုတော့ မင်းကိုလက်ဖွဲ့ ဖို့ဆိုပြီး ဒါကြီးပေးသွားတယ်..ဆက်ဆက်ပေးပေးပါတဲ့…မှာ သွားသေးတယ်…ဒီမှာရော့…..”
“ ဟင်ဝါးဆစ်ဘူးကြီးပါလား…..”
နှင်းမေ လှမ်းယူလိုက်တာကို သူတို့သားကြီးက မြင်သွားတော့ ….
“ အနှင်း…ဒီရွှံ့တွေ ပေကျံနေတဲ့ ၀ါးဆစ်ဘူးကြီးဘာလို့ ကိုင်နေတာလဲကွာ…လွှင့်ပစ်လိုက်… အ၀တ်အစားတွေ ပေကျံကုန်မှဖြင့်ကွာ……”
“ ဒါ..အနှင်း အကိုတယောက်က လက်ဖွဲ့လာတာ..”
“…ဘာ…..ဟားဟားဟား….အနှင်းလေးကတော့ ကွာ…လွင့်ပစ်လိုက်ပါ…ဘာမဟုတ်တဲ့..၀ါးဆစ်ဘူးကိုများ..”
သူတို့သားကြီးမှာ ၀ါးဆစ်ဘူးကိုယူကာ ထမင်းဟင်းများချက်ပြုတ်ရာနေရာဖက်သို့  လှမ်းပစ်ပေး လိုက်လေတော့သည်..။ အော်….အမြတ်တနိုး လက်ဖွဲ့ လာတာကိုတောင်မှ သေချာမြင်ခွင့်မ၇လိုက်တဲ့ နှင်းမေလေး ဘ၀ပါလား….၊ ဒီလို နဲ့ မင်္ဂလာဆောင်ပွဲကြီးသာ ပြီးဆုံးသွားတယ်…နှင်းမေလေးတွေ့ချင် နေတဲ့…ချစ်ရသူ..အချစ်ဆုံး ဆိုတဲ့ သူရဲ့ ကိုကြီး တယောက် ရောက်မလာနိုင်ခဲ့ပါ….။
—————————————-။——————————————————–
မိုးစက်မိုးပေါက်များ မျက်နှာပေါ်သို့ ကျဆင်းလာသည့်အတွက်မင်းသူ အသိတို့ပြန်လည် ၀င်ရောက်လာခဲ့သည် ။ မျက်စိတို့ ကချက်ချင်းဖွင့်မရသေး ပထမဆုံးသတိထားမိတာကတော့ လယ်ကွက်တခုထဲက ကန်သင်းရိုး မှာ ပက်လက်အနေအထားမှန်းသိလိုရသည် ။အားယူပြီးထလိုက်သည်.. မျက်စိနှစ်ကွင်းက ပွင့်လာသော်လည်းဘယ်အရာမှသဲကွဲစွာမမြင်ရ ။အချိန် ကိုလည်းမခန့်မှန်းတတ်တော့… မိုးတို့သည်လည်းသည်းထည်စွာရွာနေဆဲဖြစ်သည့်အပြင် ကောင်းကင်တခုလုံးမှာ လည်း မိုးကြိုးထစ်သံများ လျှပ်ပျက်သံများဖြင့်သာ ဆူညံနေလေ၏ ။
မင်းသူအားယူပြီးထလိုက်သည် ။ မတ်ရပ် ဖြစ်လာပြီးမှ ပစ်လဲကြသွားသည် ။ အရက်ဖြင့်သာအရာရာကိုမေ့ပျောက်နေခဲ့တဲ့ မင်းသူ..ခံနိုင်ရည်မရှိတော့..ရင်တခုလုံး မီးစနှင့်ထိုးထားသည့်ပမာ.. ပူလောင်နေလေရဲ့ …။ အရပ်ရှစ်မျက်နှာကို မှန်းမျှော်ကြည့်လိုက်သည် ။ လျှပ်စီးရောင်အောင်မှာ မသဲမကွဲ တွေ့  လိုက်ရတဲ့ ရွာ ဦးကစေတီ…။ ဟုတ်ပြီ သူရွာရောက်အောင်ပြန်မှဖြစ်မည် ။ မနက်ဆိုလျှင် နှင်းမေ တို့ မြို့ကို သွားကြတော့မယ်…နှင်းမေလေး စိတ်ချမ်းသာအောင် သူ သွားနှစ်သိမ့်စကားပြောရမည်။
မိုးရေထဲမှာပဲ ရွာရှိရာကို အားတင်းလျှောက်လာခဲ့ရသည် လမ်းတွင်မကြာခဏချော်လဲသောကြောင့် ခရီးကမတွင်…လဲလိုက်ပြန်ထလိုက်သွားလိုက် သည်လိုနှင့် ဆည်းလည်းသံ သဲ့သဲ့လေး နားထဲကို တိုးဝင်လာခဲ့သည် ။ မင်းသူ သိလိုက်ပြီ ရွာဦးက ကိုးတောင်ပြည့်စေတီ ထံမှ ဆည်းလည်းသံ…။
သည်လိုမိုးတွေရွာတွေချိန် ၊လောကကြီးတခုလုံးမှောင်မဲနေချိန် ၊ ဆည်းလည်းသံတွေကြားနေရချိန် မှာသူနဲ့ နှင်းမေလေးတို့ မိုးနဲ့အတူငိုခဲ့ကြဘူးတယ်…။ အဲဒီအချိန်မှာပဲ မင်းသူနားထဲကို စကားသံလေးတခု တိုးဝင်လာတယ်..ဘယ်အရပ်ဘယ်ဒေသကလာသည်တော့မသိ…..
……………….“ ကိုကြီး..နှင်းမေလေ… ကိုကြီးကိုအရမ်းချစ်တယ်သိလား….”…..” ……..”………….”……………”
မင်းသူ ပျော်သွားသည်..ပြီးနောက် ကျေကျေနပ်နပ် ကြီး တချက်ပြုံး လိုက်သည်…နူတ်မှလဲ မပီမသ စကားသံများ ဖြင့်………
……………….. “ ကိုကြီး လည်း….နှင်းမေလေးကို………..အရမ်း…ချစ်……………..”
……………………………………………………………
…………………………
…………..
……………………………………………………………… ။ …………………………………………………………………
“ ဘကြီး…အကိုမင်းသူ ကိုတွေ့ ရင်လေ… နှင်းမေ နှုတ်ဆက်သွားတယ်လို့ ပြောပေးပါနော်….ပြီးတော့လေ…မြို့  ကိုလဲ ဆက်ဆက် လိုက်လာခဲ့ပါလို့ ပြောပေးပါနော်….”
“.အေးပါ သမီးရယ်…စိတ်ချသွား မင်း အစ်ကိုကိုပြောပေးမယ် စိတ်ချ…..”
မြို့ ကို လိုက်သွားတော့  မယ် …နှင်းမေလေးကို တရွာလုံးကိုလိုက်ပို့ နှုတ်ဆက်နေကြတာ… အားလုံးက မျက်ရည်တွေ စို့ကာဖြင့်..တတွတ်တွတ်မှာနေတာတွေကတော့သူချစ်ရတဲ့ ကိုကြီးမင်းသူ… အတွက်သာ… သူ့မှာ ရတက်မအေးရှာ ဖြစ်နေတယ်လေ…သတို့သားလောင်းကနေခင်ပွန်းသည်ကြီးအဖြစ် ရယူနိုင်ခဲ့တဲ့ ကိုမြို့ သားကြီး မှာတော့…အရာရာ အားလုံးကို ပိုင်ဆိုင်ခွင့်ရသွားသည့်အတွက် အောင်နိုင်သူကြီး တယောက် အဖြစ် မထီပြုံးလား..လှောင်ပြုံးလားတော့ မသိ..ပိုင်ပိုင်နိုင်နိုင်ကြီးကို ပြုံးနေနိုင်ခဲ့တယ်…။ သူမပိုင်ဆိုင်လိုက်ရတဲ့ နှစ်လုံးသွေးကြောတွေထဲ က အချစ်စစ်တွေကိုတော့ သူမရခဲ့တာကို သိခဲ့ဟန်မပေါ်…
တရွေ့ ရွေ့ နဲ့ ရွှေမြို့ တော်ကြီးဆီသို့  ရောက်ဖို့အတွက် နှင်းမေ တို့ ဇနီးမောင်နှံ ခရီးအဆင့်ဆင့် ထွက်ရန်ရွာမှာ ထွက်ခွာသွားကြလေပြီ……။ မြင်ကွင်းမှပျောက်ကွယ်သွားတော့မှပဲရွာသားတွေ အားလုံးလဲ မိမိတို အိမ်များသို့  ပြန်ရန်ပြင်ဆင်နေစဉ်မှာပဲ………..
“ ……….မင်း သူ အလောင်းကို ရွာ အပြင်စေတီ နားမှာ တွေ့ခဲ့တယ်တဲ့ဟေ့………….”
တဆင့်စကားတဆင့်နားဖြင့် မင်းသူအလောင်းရှိရာ သို့ သွားရောက်ကြပြီး…ကြည့်ကြသည် ။မိုးရေတွေရွဲရွဲ စိုကာ…ဘေးတစောင်းအနေအထားဖြင့် သေဆုံးနေသော မင်းသူ ကိုတွေ့ လိုက်ကြရသည် ။ ထူးခြားမှု့ တခုက မင်းသူ မျက်နှာမှာ ပြုံးနေသယောင်ယောင် ဖြစ်နေသည် ။
“ ရွာပြင်မှာသေတာ..ရွာထဲ မသယ်ကောင်းဘူးကွာ…ရွာပြင်မှာပဲထားပြီး..သဂြိင်္ုလ်လိုက်ကြရအောင်….”
သေတဲ့တိုင်အောင် လူတွေနဲ့ ဝေးရာမှာနေနိုင်ခဲ့တဲ့ မင်းသူပါလား………
ဒီလိုနဲ့ မင်းသူ ရဲ့ တဲလေး မှာပဲ သူရဲ့ နာရေးအိမ်လုပ်လိုက်ကြတော့ လာကြသူများကို ဧည့်ခံရန်အတွက် ရပ်ရွာမှ စုပေါင်းပြီး လုပ်ကြကိုင်ကြပေါ့..
“….တနေ့ က ပိုနေသေးတဲ့ ထင်းတွေ ကို သယ်သွားလိုက်ပါကွာ…လိုရာသုံးကြပေါ့….”
နှင်းမေရဲ့ အဘ က နိုင်သမျှကူညီသည့်သဘောဖြင့်ပြောလာသည် ။ရွာသားများ လည်း ထင်းများကိုသယ်ယူပြီး
ရေနွေးတည်ဖို့ လုပ်နေစဉ်…မီးဆိုက်ရန်အတွက် ရွာသားတယောက် က ၀ါးဆစ်ဘူးကြီး ကိုခွဲလိုက်တော့……..
“……ဟာ အထဲမှာ ပိုက်ဆံတွေအများကြီးပါလားဟေ့…..ဒါ….ဒါ….စုဘူးကြီးပဲ ဟ…လာကြည့်ကြပါဦး…..”
ရွာသားတယောက် အော်ပြောလိုက်သံကြောင့် လူတွေ အပြေးအလွှားသွားကြည့်ကြတော့….မင်းသူရဲ့ ဘကြီးက မြင်တွေ့သွားပြီး………….
“ ဒါ မင်းသူ က ငါ့ ကို နှင်းမေ မင်္ဂလာဆောင်မှာလက်ဖွဲ့ ခိုင်းလိုက် တဲ့…..၀ါးဆစ်ဘူးကြီးပဲ…..အော်ဒါကြောင့် မင်းသူက ဆက်ဆက် ပေးပေးပါလို့  ပြော သွားတာကိုး…….အော် မင်းသူ…..မင်းသူ……….”
အဖြစ်မှန်ကို အားလုံးသိလိုက်ရတဲ့အချိန်မှာ တရွာလုံးစိတ်မကောင်းနိုင်ကြတော့……..
နောက်ဆုံးမှာတော့….မင်းသူ ရဲ့ ပိုက်ဆံတွေနဲ့ပဲ ရွာဦးကစေတီ ကို ထုံးသင်္ကန်းပြန်ကပ်ကြတယ်… သူ့အလောင်းကိုတွေ့ခဲ့တဲ့နေရာမှာပဲ…..မင်းသူအတွက် အုတ်ဂူဖြူဖြူလေးတလုံးကို… တည်ထားပေး လိုက် ပါတော့တယ်…..။
ရွာသားတွေ ရဲ့  ရင်ထဲမှာတော့ မင်းသူရဲ့  အုတ်ဂူလေးကိုတွေ့ လျှင်ဖြင့် သတိရနေကြတုန်း………. မျက်ရည်ဝဲနေကြတုန်း…. အမျှပေးဝေနေကြတုန်းပါပဲ……….
မင်းသူ…………
ရယူလိုမှု့ ထက် ပိုပြီးပေးဆပ်နိုင်ခဲ့တဲ့…..မင်းသူ……..
လောကကြီးကို အရက်ပုလင်းတလုံးနဲ့ ပျော်ပျော်ကြီးအန်တုနိုင်ခဲ့တဲ့ …….မင်းသူ…….
ခံစားချက်တွေကို.. မရှိုက်ပဲ..အန်မထုတ်ပဲ…သမုဒ္ဒယ မျက်ရည်တွေအဖြစ်..ပြောင်းနိုင်ခဲ့တဲ့………မင်းသူ……..
ဘ၀ တခုလုံးနဲ့ ရင်းပြီး ရယူနိုင်ခဲ့တဲ့ အပြုံး တခုကို နောက်ဆုံးထွက်သက်ထိရယူနိုင်သွားခဲ့တဲ့…. မင်းသူ…….
မင်းသူရေ……….အမျှ….အမျှ….အမျှ………………. ။ ။
ဖြစ်ရပ်မှန်ဇာတ်လမ်း
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်းတွင်းမှ မြို့တစ်မြို့ နာမည်က “မိုးနဲ”(ဖြစ်ရပ်မှန်)
တစ်ချိန်က မိုးနဲစော်ဘွားအုပ်ချုပ်ခဲ့သော ဟော်နန်းရှိရာမြို့၊ ဤဖြစ်ရပ်မှန်ဇာတ်လမ်းတွင် မိုးနဲမြို့သည် အဓိကမကျ မိုးနဲမြို့တွင်နေသော ယာဉ်မောင်း ဒေါင်းစိန် နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကသာအဓိက သရုပ်ဆောင်မျာြး ဖစ်ကြ လေ သည်။ တောင်ကြီးလွိုင်လင် မိုးနဲမြို့များသို့ ကုန်စိမ်းများသယ် ယူပို့ ဆောင် ပေးနေသော ဒေါင်းစိန် ၏ဂျစ်ကား ကို မစီးဘူးသူတော်တော်ရှားသည်။ အထူးသဖြင့် နန်းစင်ချိုတစ်ယောက် ယာဉ်မောင်း ခေါင်းစိန်ဘေး ဂျစ်ကားရှေ့ခန်းမှ လိုက်ပါလေ့ရှိကြောင်းကိုလဲ လူတိုင်းသိကြပြီးဖြစ်သည်။
ဒေါင်းစိန်က မိတ္ထီလာသား၊ နန်းစင်ချိုက မိုးနဲသူ။ တစ်ဦးနှင့်တစ်ဦး နှစ်နှစ်ကာကာ ချစ်ခဲ့ကြသည့်အကြောင်းကိုလဲ မိုးနဲတစ်မြို့လုံးအသိပင်ဖြစ်သည်။
“အစ်ကို နန်းကိုဘယ်တော့ လက်ထပ်ယူမှာလဲဟင်”
“အစ်ကို ရုန်းကန်နေရတဲ့ဘ၀ကိုလည်း နန်းအသိသားနဲ့။နန်းကို တင့်တောင့်တင့်တယ် လက်ထပ်ယူဖို့ပဲကြိုး စားပြီးငွေစုနေတာလေ”
“ဒါတော့ဒါပေါ့အစ်ကိုရယ်…ယောကျာင်္းလေးတို့ ရဲ့အချစ်သည် တစ်ခဏ၊ မိန်းကလေးတို့၏ အချစ်သည် တစ်ဘ၀ဆို တာလေးတော့ အစ်ကိုသိမှာပါ”
“အစ်ကိုက အဲ့အမျိုးအစားထဲပါနေလို့လား…”
“အဲဒီလို မဟုတ်ပါဘူး အစ်ကိုရယ်၊ နန်းတို့မိန်းမသားဆိုတာရှေ့ရေးက မျှော်တွေးနေကြတဲ့သူတွေပါ၊နန်းအစ်ကို့ကို ယုံပါတယ်။ နန်းကို အစ်ကို ဘယ်လောက် ချစ်တယ်ဆိုတာနန်းသိပါတယ်”
နန်းစင်ချိုရဲ့ ချိုသာသောအပြုံးလေးနဲ့ ချစ်စကားပြန်တုံပြန်လိုက်တော့ ဒေါင်းစိန် တစ်ယောက်ပီတိတွေလွှမ်းလို့ပေါ့…
“မကြာခင် နန်း စိတ်တိုင်းကျဖြစ်စေရမှာပါ နန်းရဲ့”
မိုးနဲဈေးနေ့၊ လွိုင်လင်ဈေးနေ့ တောင်ကြီးဈေးနေ့များတွင် ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ချစ်သူနှစ်ဥိးကိုအမြဲလို လို မြင်တွေ့နေကြရသည်…
တစ်ဦးအပေါ်တစ်ဦး အနစ်နာခံနားလည်မှုရှိကြပြီးအချစ်ကြီးချစ်ခဲ့ကြသော ယှာုဥှုမောင်းသမားလေး ဒေါင်းစိန် နဲ့ ဈေးသည်မလေးနန်းစင်ချိုတို့ ၃ နှစ် အတွင်း မှာပင်လက်ထပ်ခဲ့ကြသည်။
မိုးနဲတစ်မြို့လုံးကလဲဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ဇနီးမောင်နှံကိုနေနဲ့လ ရွှေနဲ့မြပုံပမာဆိုသည့် သီချင်းထဲက လိုတောင် ထောပနာပြုကြသည်။
နှစ်ဦးသားအနှစ်နှစ်အလလကြိုးစားရှာဖွေခြဲ့ ကသည့်ငွေလေးနဲ့ မိဘများနှင့် အိမ်ခွဲ နေထိုင်ကြသည်။
တစ်ဦးအပေါ်တစ်ဦး နားလည်မှုပေး၊ တစ်ဦး အခက်အခဲ များကိုတစ်ဦး ဖြေရှင်းပေး ဒေါင်းစိန် ကလဲအိမ်ထောင်ဦးစီးပီပီ နေ့မနား ညမ အားစီးပွားရှာ ကား ဆွဲ၊ နန်းစင်ချိုကလဲ အိမ်ထောင်ရှင်မကောင်းဖြစ်အောင် နေထိုင်လေသည် ၊သို့သော်လဲ တစ်နေ့တွင် ရှေ့သွားနောက်လိုက်ညီနေသော ဇနီးမောင်နှံ အတွက် အနှောင့်အယှက်လေးတစ်ခု ၀င်ရောက်လာလေသည်…
“အစ်ကို ဒေါင်း မနက်ဖြန်လည်း အကိုဒေါင်းကားနဲ့ပဲလိုက်မှာနော်၊ရှေ့ခန်း အစ်ကို့ဘေးမှာ နေရာချန်ထားပေး” အိမ်ရှေ့ဆီမှ အမျိုးသမီးတစ်ဦး၏ ခရာ တာတာနွဲ့တဲ့တဲ့အသံကို ကြားလိုက်ရသဖြင့်နန်းစင်ချို တစ်ယောက် ဝေ့ကြည့် လိုက်သည်။သူအင်မတန်ချစ်သော လင်တော်မောင်ဒေါင်းစိန်ဘေး၌ ပွတ်သီးပွတ်သပ် ထိုင်နေသည့် ချောချောလှလှ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရသည်…
“ဒီနေ့တော့ကားရေဆေးရမှာမို့ချယ်ရီ ဒီကနေပဲဆင်းသွားတော့နော်၊ မနက်ဖြန် ချစ်ရီအိမ်ကို အကိုဝင်ကြိုမယ်”
“Ok ချယ်ရီသွားမယ်”
ဂျစ်ကားရှေ့ခန်းမှ လှုပ်လီလှုပ်လဲ့နှင့် ခပ်ယဲ့ယဲ့ဆင်းသွားသောချယ်ရီအား စူးရှသောမျက်လုံးအစုံနှင့်ကြည့်နေသူက နန်းစင်ချို။
“ကား ဆရာ ကြီး ဒီနား ကိုခဏကြွပါအုန်း”
ရိသဲ့သဲ့စကားကြောင့် ဒေါင်းစိန်သိလို က်ပြီဖြစ်သည်။
“အဲ့ဒီချယ်ရီဆိုတဲ့ကောင်မက ဘယ်ကလဲ၊ ဘာကြောင့် အစ်ကို့ဘေးနားမှာ ကပ်ထိုင်နေရတာလဲ၊အစ်ကို့ဘေးမှာ နန်းစင်ချို ဆိုတဲ့သူ့မိန်းမ ကလွဲရင် ဘယ်သူမှ ထိုင်ခွင့်မရီဘူးလေဆိုတဲ့ စကားလုံးတွေနဲ့ အစ်ကို့ကိုတိုက်ခိုက်တော့မယ် မဟုတ်လား။ အခုတော့ အစ်ကို အရမ်းပင်ပန်းလာလို့ စိတ် ရှည်ရှည်ထားပေးအုံးနော်၊ နောက်တော့ အားလုံးရှင်း သွားမှာပါ နန်းရဲ့”
နန်းစင်ချိုဘာမှပင်မပြောလိုက်ရမီ ဒေါင်းစိန်တစ်ယောက် ကားရေဆေးရန်ဟုဆိုကာထွက်သွားလိုက်သဖြင့် စကားနည်း ရန်ဆဲဖြ စ်ခဲ့ရသည်။ သို့ရာတွင် လည်းနေ့စဉ်လိုလို ပတ်ဝန်းကျင်မှ အတင်းအဖျင်းလေ များတိုက်ခတ် မှုကြောင့် နန်းစင်ချို ခံပြင်းစိတ်များ အုံကြွလာသည်။ချယ်ရီဆိုသော မိန်းကလေး ကိုတွေ့လျှင် အရှုပ်ကို ရှင်းမည်ဟု ဆုံးဖြတ်ထားလိုက်သည်။
သို့နှင့် မည်သူမျှအသိမပေးပဲ ဒေါင်းစိန်ရှိမည့် ဂျစ်ကားဂိတ်သို့တစ်ဦးတည်းလိုက်သွားသည်။ “နန်း ဘာဖြစ်လို့ လိုက်လာတာလဲ၊ချယ်ရီနဲ့ အကို ဘယ် လိုပုံစံနဲ့ မှမပတ်သက်ဘူးဆိုတာ အစ်ကိုရှင်းပြပြီးပြီလေ”
“အစ်ကိုပြောတာတွေအားလုံးကို နန်းနားလည်ပါတယ်၊ဒါပေမယ့် အစ်ကိုရယ် အရင်တုန်းကလိုပဲအစ်ကို ကားမောင်းနေ ရင် အစ်ကို့ဘေးနားမှာပဲ နန်းအမြဲလိုက်နေချင်တာ အစ်ကိုရဲ့”
“ခက်လိုက်တာ နန်းရယ် အစ်ကိုတို့ ကားသမားဆိုတာ ခုနှစ်ရက်သားသမီးနဲ့အလိုက်သင့်ပေါင်းရတယ်ဆိုတာ နန်းလည်း အသိသားနဲ့”
“ဟုတ်ပါတယ် အစ်ကိုရဲ့၊ ဒါပေမယ့်လဲ အကို့ဘေးနားမှာဘယ်သူမှ ထိုင်တာ မကြိုက်ဘူး”
“နန်းကလဲ ကလေးဆန်လိုက်တာ။ ကဲလာ ခုလည်းအစ်ကို လိုက်ပို့မယ်၊ အကို့ဘေးနားမှာပဲထိုင်ပေါ့၊ ရှေ့ခန်းမှာ ဘယ်မိန်းကလေးမှမတင်တော့ ဘူး ကျေနပ်လား”
နန်းစင်ချိုက ကနွဲ့ကယနှင့်ခေါ င်းအသာညိတ်ပြလိုက်သည်။ဒေါင်းစိန်တစ်ယောက် ခရီးသည်မပြည့်သော်လည်း ဂိတ်မှ ထွက် ခဲ့သည်။မိုးနှင်းများ ကျ ထား သဖြင့် စိုစွတ်နေသောလမ်းပေါ်ဝယ် ဒေါင်းစိန်၏ဂျစ် ကားမှာတရိပ်ရိပ်ပြေးလွှား
ရင်း တောင် တက်တောင်ဆင်းတို့တွင် ကွေ့လိုက် ပတ်လိုက်နှင့်ကျော်ဖြတ်နေကြောင်းတွေ့ရသည်
နန်းစင်ချိုမှာမူဒေါင်းစိန်နံဘေးမှ လိုက်ပါလာရသည်ကိုပင် ပီတိဖြာလျက် တမှေးပင်အိပ်ပျော်သွားဟန်တွေ့နေရသည်။ ခရီးသည်များကလဲ သူ့ အတွေး နဲ့သူ့အရေး၊ မှေးသူကမှေး ငေးသူကငေးလို့ပေါ့။ ဂငယ်ဂွေ့တစ်ကွေ့အရောက် မမျှော်လင့်ဘဲ ကုန်တင်ကားယာဉ်ကြီးတစ်စီးကွေ့ ထွက် လာသည် ကိုတွေ့လိုက်ရသောဒေါင်းစိန်လည်း စက္ကန့်ပိုင်း အတွင်း ဆုံးဖြတ်ချက်ဖြင ကားကိုဘယ်ဘက်သို့ကွေ့ချလိုက်သည်။ အမှတ်မထင်ဖြစ်ပျက် လိုက် မှုကြောင်း နန်းစင်ချို ခမြာ ကား၏ညာဘက်သို့လွင့်ကျသွားတော့သည်။
ကားကလဲ အရှိန်နဲ့ဖြစ်တာကြောင့် ကျသွားသောအရှိန်နဲ့ပေါင်းပြီး သွေးသံရဲရဲဖြင့် မေ့လဲသွားသောနန်းစင်ချိုအား ချက်ခြင်း ပင် လွိုင်လင်ဆေးရုံသို့ အမြန် ပို့ကြ သည်။ သို့သော်လဲ နောက်နေ့မနက်တွင်နန်းစင်ချို တစ်ယောက်သေ ဆုံး သွားကြောင်းသိကြရ၍ မိုးနဲတစ်မြို့ လုံးနှင့် ဒေါင်းစိန် တို့ယူကြုံး မရဖြစ်ကြရတော့သည်။
ဒေါင်းစိန်သည် နန်းစင်ချိုအလောင်းအား မိုးနဲသင်္ချိုင်းတွင် ကောင်းမွန်စွာမြှုပ်နှံခဲ့သည်။
ရဲ့တပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုပြုလုပ်ချက် အပေါ်အခင်းဖြစ်စဉ်က ဂျစ်ကားပေါ်တွင်ပါလာသူများအားလုံးက နန်းစင်ချိုမှာ အိပ်ငိုက်နေသဖြင့်ကားရုတ်တရက် အကွေ့တွင် ကျသွားခြင်းဖြစ်ကြောင်း ထွက်ဆိုကြခြင်းေ ကြာင့် ဒေါင်းစိန် အပြစ်နှစ် အနည်းငယ်သာ ကျခံခဲရသည်။
နေ့များသည် လျှင်မြန်စွာဖြတ်သန်းနေ၏ ဒေါင်းစိန်က ယာဉ်မောင်းအလုပ်ကိုသာ ပြန်လုပ်ကိုင်နေကြောင်းတွေ့ရသည်… တစ်ခုထူးခြားချက်က ည ဘက်ရောက် လျှင် ဒေါင်းစိန်အိမ်တစ်ဝိုက်မှာ ခွေးများ အလွန် အူကြချင်းဖြစ် သည်နောက် တစ်ချက်ကမူ ဒေါင်းစိန် ကားလိုက်လို့ ကားခေါင်းခန်းတွင် အမျိုးသမီးပါလာလျှင် အနံဆိုးကြီးရခြင်း တစ်ခါတစ်ရံ ကားပေါ်မှ ဆွဲချသလိုတောင် ခံစားရသည်ဟုပြောစမှတ်ဖြစ်လာကြသည်။
“နန်းစင်ချိုက သူ့လင် ဒေါင်းစိန်ကို ဘယ်လောက်စွဲလမ်းလဲဆိုတာနင်တို့အ သိပဲလေ။ပြီးတော့ သေရတာက အစိမ်းသေ ကျွတ်နိုင်လွတ်နိုင်ပါ့မလားဟဲ့”
“အဲဒါကြောင့် သရဲဘ၀အဖြစ်နဲ့များ သူ့အိမ်သူပြန်နေတာနေနေမှာပေါ့”
အဲဒါကတော့နန်းစင်ချိုရဲ့ အရင်းနှီးဆုံးသူ ငယ်ချင်းများဖြစ်သည့် နန်းကြာယုံနှင့် မြမြ၀င်းတို့၏လေသံ။
“ငါ့အထင်တော့ တို့သူငယ်ချင်း ဒေါင်းစိန်က သူ့မိန်းမကို အရမ်းချစ်တော့ ကားပေါ်ကကျသေတဲ့နေရာ ကနေ ခေါ်လာ တာပဲဖြစ်ရမယ်”
“ဘယ်လိုပဲဖြစ်ဖြစ်ကွာ နန်းစင်ချို သရဲ ဒီအိမ်မှာရှိနေတာတော့သေချာပြီ”
“အိုကွာဘာပဲဖြစ်ဖြစ် ငါတို့ ချောင်းကြည့်ရအောင်”
ဒေါင်းစိန်၏သူငယ်ချင်း သံချောင်းနှင့်စိုင်ဇော်ထူးတို့၏စူးစမ်းသံ ဒေါင်းစိန် အိမ်ပြန်မလာသော ညတည၊မိုးနှင်းများကျပြီး အအေးဒဏ်ကလဲ လွန်ကဲ ချိန် ဖြစ် ၍ မိုးနဲတစ်မြို့ လုံးတိတ်ဆိတ်နေချိန်ဖြစ်သည်။
အမှောင်ထုထဲမှာခွေးအူသံ တစ်ချက် ကြားရသည်နှင့်သံချောင်းတို့ဒေါင်းစိန်၏အိမ် သို့ချဉ်းကပ်လိုက်သည်။မှောင်ပြပြ မီးဖိုချောင် ဘက်မှ အသံကြားရ သဖြင့်နှစ်ဦးသား အာရုံစိုက်ပြီး အကြည့် သူတို့တွက်ထားသည့်အတိုင်း နန်းစင်ချို သရဲကိုတွေ့ရလေပြီ။ထမင်းချက်သည်၊ ပန်းကန်ဆေး သည် ရေနွေး တည်သည်၊ ရေအိုးတွေ ရေဖြည့်သည် လူဖြစ်စဉ်က လုပ်ခဲ့ပုံအတိုင်းလုပ်ဆောင်လေသည်သို့သော် ဘုရားစင်ရှိသည့်ဘက်ကိုတော့ မသွားချေ…
ထိုစဉ်ဒေါင်းစိန်ပြန်လာသည်ကို တွေ့ရသဖြင့် သံချောင်းတို့ပုန်းနေလိုက်သည်။ ဒေါင်းစိန်တစ်ယောက် သရဲ မနန်းစင်ချို ချက်ပြုတ် လုပ်ကိုင်သွား သည် များ ကိုမတွေ့။ မည်သို့မျှမမှုသည့်အပြင်ပူပူနွေးနွေး ထမင်းဟင်းများကိုအားပါးတရ စားနြေေ ကာင်းတွေ့ကြသည်။
“သံချောင်းမင်းတို့မြင်တွေ့ခဲ့တာတွေက အမှန်ပဲလား”
“မှန်ရုံတင်ဘယ်ကမလဲ ဆရာရယ် မိုးနဲတစ်မြို့လုံးကလဲသိနေကြပြီပဲဟာ”
အထက်ပါဖြစ်ရပ်မှန်များအားသံချောင်းတို့က စာရေးသူကိုပြန်လည်ပြောပြနေခြင်းဖြစ်သည်။ သို့ကြောင့်လဲစာရေးသူ ကိုယ်တိုင် ပင် ဖြစ်ရပ်မှန်များ ထဲ သို့ စူးစမ်းလိုစိတ်နှင့်ဝင်ရောက်ခဲ့ရလေတော့သည်။
“နေစမ်းပအုန်း မင်းတို့သရဲမကို တွေ့ရတယ်ဆိုတာက လူပုံစံနဲ့တွေ့လိုက်ရတာလား”
“အဲလိုတော့မဟုတ်ဘူးဆရာရ၊ ဟိုအင်္ဂလိပ်ကားတွေထဲကလိုတော့ပုံစံကြီးနဲ့မတွေ့လိုက်ရဘူး အသံနဲ့လှုပ်ရှားမှုကိုပဲ သိရတာ”
“ကဲ ဒီကိစ္စကို ဒီတိုင်းထားလို့တော့ မဖြစ်ဘူး၊ မင်းတို့လည်းဗုဒ္ဓဘာသာတွေမလား၊ ဆရာတော်ဆီ သွားလျှောက်ကြည့် မယ်လာ”
စာရေးသူက အသက်ကြီးသူပီပီ ဆရာလုပ်ကာ မိုးနဲမြို့ဘုန်းတော်ကြီးကျောင်းသို့ရောက်ခဲ့ကြ ရသည်။ အိုမင်းနေပြီဖြစ်သော ဆရာတော်ကြီးမှာ ရှမ်း လူ မျိုးဖြစ်ပြီး မြန်မာစကားမတက်သဖြင့် စိုင်းဇော်ထူးက စကားပြန် လုပ်ပေးရသည်။
နန်းစင်ချိုမှာ မိမိ၏လင်သားနှင့်မိမိအိမ်အပေါ်စွဲ လမ်းမှု ဥပဒါန်ကြီးပါးမှုကြောင့် အစိမ်းသရဲဖြစ်နေကြောင်း၊ ဖုတ်၊ ပြိတ္တာ သရဲတစ္ဆေတို့မည်သည် အချိန် ကြာမြင့် လာလျှင် အစွယ်ပါထွက်လာပြီးတစ်ရွှာလုံးရှိ ကလေး သူငယ် လူအပေါင်း ကိုဒုက္ခပေးတတ်ကြောင်း၊ နန်းစင်ချိုအား မြှပ်နှံထားသော အခေါင်း ၏ခေါင်းရင်းဘက်တွင် အပေါက် တစ်ပေါက် ရှိကြောင်း၊ ယင်းအပေါက်မှထွက်လာပြီးရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း၊မိမိတို့သံယာတော်များအနေဖြင့် ၀ိနည်း ကိုစောင့် ထိန်းနေရသူမျာြး ဖစ်သောကြောင့် ဤကိစ္စကို မည်သို့လုပ်ဆောင်ရမည်ကိုမညွှန်းပြအပ်ကြောင်း မိန့်ကြားလိုက်ေ လသည်။
သို့နှင့် စာရေးသူ၏အကြံပြုချက်ဖြင့ နန်းစင်ချို၏ယောကျာင်္းဖြစ်သူ ဒေါင်းစိန်ကိုခေါ်ယူကာ မြို့ခံလူကြီးများရှေ့မှောက် တွင် မေးမြန်းကြရတော့သည်
“သံချောင်းတို့ တွေ့ခဲ့ကြတယ်ဆိုတာတွေဟာ မှန်ပါတယ်၊ ကျနော်မိန်းမ ကျနော်ဆီပြန်လာေ နတာကြာပါပြီ၊ လင်ခန်းမယားခန်း အနေနဲ့လည်း လူ့ ဘ၀တုန်းကလိုပ နေခဲ့ကြပါတယ်၊တခြားသူတွေကို သတိမပေးဘူး ဆိုတာကျနော့်မိန်းမကို ကျနော်အရမ်းချစ်ပါတယ်၊ သူနဲ့ခွဲလိုက်မှာစိုးပါလို့ပါ”
ဒီတော့ စာရေးသူက တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒါဟာဒီတိုင်းဆိုရင် ရှေ့ရေးမမြင်ရသေးတဲ့ ဒုက္ခတွေများတယ် သူဒုက္ခဖြစ်နိုင်တယ်
ကဲ ဒေါင်းစိန် ဒီအခြေအနေကျမှတော့ မဖြစ်တော့ဘူး၊ မြို့နာမည် ရွှာနာမည်ဆိုတာကိ ငဲ့ပြီး လူကြီးတွေ စီစဉ်တာကို မင်းလိုက်နာရတော့မှာပေါ့လို့ စာရေး သူက ခက်ပြတ်ပြတ်ပြောလိုက်မှ စကားပြတ်သွားသည်။သို့နှင့် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်း ကြားပြီး ဆိုင်ရာပိုင်ရာကွင်းပိုင် နယ် ပိုင် သင်္ချိုင်းစောင့် အပါအ၀င် ပုဂ္ဂိုလ်အားလုံး၏ခွင့်ပြုချက်နှင့်အတူ နန်းစင်ချို၏ အလောင်းကိုဖော်ယူရန် တာဝန်ရှိသူတွေနဲ့ပူးပေါင်း စီစဉ်ကြတော့ သည်။
မြို့နယ်အတွင်းရှိရွှာနီးစပ်များမှ ဒီသတင်းကို ကြားသိသွားကြရာမှအလောင်းဖော့်မည့် နေရတွင်ဆိုင်ခန်းများပင်ရောင်းရ လျှက် စည် ကားနေကြောင်း တွေ့ ရသည်။နန်းစင်ချို၏ ယောကျာင်္းဖြစ်သူ ဒေါင်းစိန် နှင့် သူ၏သူငယ်ချင်း များဖြစ်ကြသော သံချောင်း စိုင်းဇော်ထူးတို့နှင့်အတူ စာရေးသူပါ စိတ်ဝင် တစားကြည့်ရူ့လေ့လာကြသည်။
နန်းစင်ချို၏အခေါင်းပုံကို ပံမပျက်စေရန် မြေကိုတူးစွမတင်ကြပြီး မီးရို့နိုင်ရေးအတွက် ထင်းပုံပေါ်သို့တင်လိုက်ကြသည်။
“နန်းစင်ချိုအားမြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊ ယင်းအပေါက်မှထွက် လာပြီးရွှာထဲသို့ဝင်လာတာ ဖြစ် ကြောင်း” ဆရာတော် မိန့်ကြားခဲ့သည့် အတိုင်း ကြည့် ကြည့်မိရာ အခေါင်း၏ ခေါင်း ရင်းဘက်တွင် အပေါက် ငယ် တစ်ပေါက် ကိုတွေ့ လိုက်ကြ ရသဖြင့် ကြည့်ရှု့သူအားလုံးတအံ့တသြဖြစ်သွား ကြရသည်။
သေချာနေပြီဖြစ်သောကြောင့် သံချောင်းတို့အု ပ်စုသည်အလောင်းအား ဓာတ်ဆီလောင်းကာ မီးရှို့လိုက်ကြလေတော့ သည်…
မီးတောက်များနဲ့အတူ နန်းစင်ချိုအားခချစ်ခဲ့ရသည့်အချစ်မီးတောက်များမှာလည်း ဒေါင်းစိန်၏ရင် တွင်းဝယ် တောက်လောင်နေမည်မှာလည်း မလွဲ ဧကန် ပင်ဖြစ် မည်ဆိုခြင်းကို ငြင်းချက်ထုတ်စရာပင်မလိုတော့။

ထိုနေ့ ထိုရက်များမှ စပြီး မိုးနဲမြို့၌တစ္ဆေမလေး
နန်းစင်ချိုအကြောင်းမည်သို့မည်မျှ မကြားရသည်မှာယနေ့ထက်တိုင်ပင်
ဖြစ်ချိမ့်မည်။ ဤကားစာရေး သူ ကိုယ်
တိုင်ကြုံတွေ့ခဲ့ရသေဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လေ၏။
Tuesday, 25 November 2014
လမ်းမပေါ်မှာ
ညနေ (၄း၀၀) နာရီ..။ ကိုယ်စီးရမည့် ကားကို ကြည့်ပြီး ကျေနပ်နေမိသည်။
စီးရမှာ အတော် ဇိမ်ကျမည့် ကားကြီး…။ ဟုတ်သည်။ အခုနောက်ပိုင်း အထူး express
ကားတွေ ပြေးဆွဲလာတာကြောင့် ကျွန်တော်တို့လို မကြာခဏ ခရီးသွားနေသူများအဖို့
အရမ်း ကို အဆင်ပြေလွန်းသည်။ လေယာဉ် မစီးနိုင်သူများအဖို့ ယခင်က
ကုန်းလမ်းအဖြစ် ရထားကိုသာ အားကိုး အားထား ပြုခဲ့ရမှ ယခုအခါတော့
အဆင်ပြေပြေနဲ့ သွားလာနိုင် ကြပြီ ဖြစ်သည်။
အခုလည်း ရန်ကုန်ကို ခဏတစ်ဖြုတ်လာဖို့ရှိတာကြောင့် ကားဂိတ် ရောက်နေရခြင်းဖြစ်သည်။ (၄း၀၀) နာရီ ထိုးသည်နှင့် ကားပေါ်ကို ကျွန်တော်တက်လိုက်သည်။ ခရီးသွားဖူးသူတိုင်း သိကြမည်ထင်သည်။ ကိုယ် ဘယ်တူနဲ့အတူ ထိုင်ခုံ အတူထိုင်ရမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသည်။ ယောက်ျားလေး အများစုကတော့ ကောင်မလေး ချောချောလေးတွေနဲ့ အတူထိုင်ရဖို့ ဆုတောင်းကြမိထင်သည်။ ဒါပေမယ့် အဲ့ဒီလို ဆုတောင်း ကြတိုင်း ၀တုတ်တုတ် အဒေါ်ကြီးတွေ..၊ အရက်မူးနေတဲ့ သူတွေ..၊ အိပ်ချိန်မရှိအောင် စကားများပြီး ဆုံးမ သြ၀ါဒ ပေးတတ်တဲ့ လူကြီးသူမ များနှင့်သာ အတူထိုင်ရသည်က များသည်။
ယခုလည်း စိတ်ထဲတွင်တော့ ၀တ်မှုန်ရွှေရည် နီးနီးလှပသော ကောင်မလေးတစ်ယောက်နဲ့ အတူထိုင်ရဖို့ စိတ် ကူးယာဉ်ပြီး ကားထဲဝင်လိုက်သည်။ မိမိထိုင်နံပါတ်က ၁၅။ ၁၆ မှာ ဘယ်သူမှ ရှိမနေ..။ မရောက်သေးတာ ဖြစ်မည်။ ကျွန်တော် ကားပေါ်တက်ပြီး ၅ မိနစ်လောက်နေတော့ ကားစထွက်သည်။ ဘေးက ထိုင်ခုံမှာ လူမရောက် လာသေး..။ သြော်… သိပြီ..။ သီပေါ..၊ ကျောက်မဲ တို့မှာ လမ်းကြုံ ၀င်တင်မှာ ဖြစ်နိုင်သည်။
ကားစီးရင် အိပ်တတ်သည်က ကျွန်တော့်အကျင့်ဖြစ်သည်။ စထွက်ကတည်းက အိပ်လိုက်တာ ညစာ စားဖို့ ကျောက်မဲ ရောက်မှ နှိုးသည်။ မိမိဘေးခုံနေရာကို တစ်ချက်ကြည့်လိုက်သည်။ ဘယ်သူမှ မရှိသေး။ ဒါဆိုရင် ဒီနေရာသည် ရောင်းမထွက်သည့်ခုံ ဖြစ်ဖို့များသည်။ ကံကောင်းပြီ..။ နှစ်ယောက် ထိုင်ခုံမှာ တစ်ယောက်တည်း ပက်ပက်စက်စက် အိပ်ပြီး စီးပစ်လိုက်အုံးမည်။
ဒီလိုနဲ့ ညစာ စားသောက်ပြီး ပြန်ထွက်ကတည်းက ကျယ်ကျယ်လွန့်လွန့်နှင့် ပျော်ပျော်ကြီး အိပ်ခဲ့တော့သည်။ ဘယ်လောက် ကြာကြာအိပ်ပျော်သွားသည် မသိ..။ “ကျွိ” ခနဲ ကားရပ်သံနဲ့ အတူ ကားထိုးရပ်သွားတာ ကြောင့် နိုးလာခဲ့သည်။ နိုးနိုးချင်း ချက်ချင်းပဲ နာရီကို တစ်ချက် ကြည့်လိုက်မိသည်။ အချိန်က (၁း၁၅) မိနစ်..။ ဒါဆို ယခု မန္တလေးကျော်ပြီး..၊ နေပြည်တော် လမ်းပေါ်မှာရောက်နေပြီလို့ ခန်းမှန်းမိလိုက်သည်။
ကား ဒရိုင်ဘာနဲ့ စပယ်ယာ အပေါင်းအပါများ စကားပြောဆိုနေသံများကို ကြားလိုက်ရသည်။
“ဒီနေရာ ဒီလို အချိန်ကြီးမှာ ဘာဖြစ်လို့လဲ ညီမ..”
“ကျွန်မ မှတ်မိတာ ဒီနေရာ ကျွန်မတို့ကားပျက်နေတာပါ..။ အဲ့ဒါ ကျွန်မလည်း အပေါ့ခဏဆင်းသွားတာ ပြန်လည်း လာရော ကားက ထွက်သွားပြီး ကျွန်မနဲ့ သမီးလေး ကျန်ခဲ့တာ..”
“သြော်.. ကလေးငယ်လေးနဲ့ကိုး… ညီမ ဘယ်က စီးလာတာလဲ..၊ ဘယ်ကားဂိတ်နဲ့လာတာလဲ..”
“လားရှိုးကပါ..၊ ရန်ကုန်သွားမလို့..၊ ဘာကား စီးလာလဲတော့ မမှတ်မိဘူး.၊ ညီမက ခရီးသွားနေကျ မဟုတ်ဘူးလေ..”
ကျွန်တော် သဘောပေါက်လိုက်သည်။ ကားပျက်လို့ ပြင်နေချိန်မှာ သူမက ကလေးနှင့် အပေါ့ဆင်းသွားမည်။ ကားပြင်ပြီးတော့ ကားဆရာတွေက လူမစစ်ပဲ ကားမောင်းထွက်သွားလို့ သူတို့ ကျန်ခဲ့တာ ဖြစ်နိုင်သည်။ နေရာ ကလည်း တစ်ကယ့်ကို မှောင်မိုက်နေတဲ့နေရာ။ မသမာသူများနဲ့ တွေ့သွားလို့ကတော့ မလွယ်..။
“ခုံလွတ် ရှိသေးလားဟေ့..”
“တစ်ခုံလွတ်သေးတယ် ဆရာ..”
“တစ်ခုံတော့ လွတ်တယ် ညီမ..၊ လိုက်ခဲ့လိုက်ပေါ့..၊ ရန်ကုန်ရောက်မှ ဟိုကားမှာပါသွားတဲ့ ပစ္စည်းတွေ စုံစမ်းပြီး ယူတာပေါ့..”
“ဟုတ်..၊ ကျေးဇူးတင်ပါတယ်ရှင်..”
ကားပေါ်တက်လာပြီး သူမ ကျွန်တော့်ဘေးက ခုံမှာ ၀င်ထိုင်လိုက်သည်။ အသက် ၂၀ ကျော်ပင်ရှိအုံးမည်။ ဖြူဖွေး နုဖတ်ပြီး ချောမောလှသော သူမကို ကြည့်ရတာ ငွေကြေးရှိ လူတန်းစားထဲမှ ဖြစ်နိုင်သည်။ အနှီးပတ် ထားသော ကလေးငယ် တစ်ယောက်က သူ့လက်ထဲမှာ အိပ်မောကျနေသည်။ ဒီလို ငယ်ငယ်ရွယ်ရွယ် ချောမော လှပသော ကောင်မလေးတစ်ယောက် ကားကြုံသာ မတွေ့လို့ကတော့ ကျွန်တော် မတွေးရဲ။ ဒီလိုလမ်း ဒီလိုအချိန်မှာက လူကောင်းထက် လူဆိုးတွေက ပိုများတာကိုး..။
သူမ ကျွန်တော့်ကို တစ်ချက်ပြုံးပြသည်။ အပြုံးမှာ အသက်မပါလှ။ ဟန်လုပ်ပြုံးပြမှန်း သိသာသည်။ သူမ အရမ်း ပင်ပန်းနေပြီထင်သည်။ ကျွန်တော်လည်း အလိုက်သင့် ပြန်ပြုံးပြလိုက်ပြီး ဘာမှ အနှောင့်အယှက်မပေးပဲ ပြန်လည် အိပ်ဖို့ပြင်ဆင်လိုက်သည်။
ဒီအချိန်မှာ ကျွန်တော့်နှာခေါင်းထဲ အပုပ်နံ့တစ်ခုရလာသည်။ အပုပ်နံ့ကမှ ကြွက်တွေသေပြီး ရှာမတွေ့တဲ့အခါ ရတဲ့ အနံ့မျိုး..။ အရင်က ဒါမျိုးအနံ့မရ။ ကျွန်တော် အားနာ စွာနဲ့ပဲ..
“ညီမ..၊ ကလေးက..၊ အလေးများ သွားထားလား မသိဘူး..၊ အနံ့ရလို့…”
“သြော်..၊ ကြည့်လိုက်အုံးမယ်..၊ မသွားထားပါဘူး အကိုရဲ့..၊ ဘာအနဲ့ရလို့လဲ..”
“ဟိုလေ..၊ ကြွက်ပုပ်နံ့လိုလို..၊ အသားပုပ်နံ့လိုလိုပဲ..၊ အရမ်းကို ဆိုးတယ်..”
“ဟုတ်လား..၊ ညီမတော့ မရပါဘူး..”
“စပယ်ယာအကို..၊ ဒီနား တစ်ချက်လာပါအုံးဗျာ..၊ ဘာအနံ့ရလဲလို့..”
စပယ်ယာ ချက်ချင်းပဲ ကျွန်တော့်အနား လျှောက်လာပြီး တရှုံရှုံနဲ့ အနံ့ခံသည်။
“မရပါဘူး အကိုရ..၊ အကို စိတ်ထင်လို့ပါ..၊ ကျွန်တော် air freshener လေး လာဖျန်းပေးမယ်..”
“အေး..အေး..”
Air freshener လာဖျန်းပေးသည့်နောက်တွင် အနံ့ဆိုးက အနည်းငယ်သက်သာသွားသည်။ လုံးဝ ပျောက်သွား သည်တော့ မဟုတ်။
နံနေသေးသည်။ ကျွန်တော်လည်း ဂဂျီဂဂျောင် ကျတယ် ထင်မှာစိုးတာကြောင့် ဘာမှ မပြောပဲ ဆက်အိပ်ဖို့ ကြိုးစားလိုက်သည်။ ဒီအချိန်မှာပဲ.. ကျွန်တော့် လက်မောင်းနဲ့ နောက်ကျော တစ်ပြင်လုံး ကြက်သီးမွေးညှင်းတွေ တဖျင်းဖျင်းထသွားသည်။ ဒုတ်ခတော့ရောက်ပြီ..။ ဒီလို ကြက်သီးမွေးညှင်းထတိုင်း ကျွန်တော် သရဲ နဲ့ ထိပ်တိုက်တွေ့ရလေ့ရှိသည်။
သူမက…။ သူမက.. ဘယ်သူလဲ…၊ လူကော ဟုတ်ရဲ့လား…။ ကျွန်တော် မ၀ံ့ရဲစွာ သူမဘက်ကို လှည့်ကြည့် လိုက်သည်။ ပြူးကြောင်နေသော မျက်လုံးအစုံက ကျွန်တော့်ကို စိုက်ကြည့်နေသည်။ ကျွန်တော် အရဲစွန့်ပြီး တစ်ခု စမ်းသပ်လိုက်သည်။
“အဟွတ်…၊ အဟွတ်…”
ကျွန်တော် ချက်ချင်းပဲ ချောင်းဆိုးသလိုလုပ်ပြီး လက်ကို သူမမျက်စိရှေ့မှာ ရုတ်တရက်လှုပ်ရှားလိုက်သည်။ ကျွန်တော့်ဖက်ကို လှည့်ပြီးပြူးကြည့်နေတဲ့ မျက်လုံး မျက်တောင် လုံးဝခတ်မသွား..။ သေချာပြီ..။ သူမ သည် လူမဟုတ်။ သရဲ..။ သရဲ ဖြစ်သည်။ ကျွန်တော် သူချီထားတဲ့ ကလေးကို ငုံ့ကြည့်လိုက်သည်။ ပိုသေချာ သွားသည်။ သူမ ချီထားသည်မှာ ကလေးမှာ ခေါင်းသာ ပါပြီး ခန္ဓာကိုယ်မပါ..။ ကလေးငယ်လေးက မျက်လုံးပြူး ပြီး ကျွန်တော့်ကို စိုက်ကြည့်နေသည်။
ကျွန်တော် ချက်ချင်း မျက်လုံးမှိတ်လိုက်သည်။ ကိုယ့်ကိုယ်ကို ပြန်သတိပေးသည်။ ဒါ တစ်ကယ်မဟုတ်ဘူး.။ အိပ်မက် မက်နေတာ..။ အိပ်မက်က နိုးစမ်း..။ နိုးစမ်းပါ..။ သတိပြန်ထားပြီး သူမကိုပြန်ကြည့်သည်။ ကျွန်တော့် ကို ပြူးကြောင်ကြည့်နေသော သားအမိနှစ်ယောက်ရဲ့ မျက်လုံးလေး လုံးက နေရာမရွှေ့..။ သေချာသည်။ ဒါ အိပ်မက်မှ မဟုတ်တာ။ တစ်ကယ် ဖြစ်နေတာကြီး.။
ကျွန်တော်ချက်ချင်းပဲ စိတ်ထဲကနေ ဘုရားစာဆိုပြီး..၊ မေတ္တာသုတ်ကို အဆက်မပြတ် ရွှတ်ဖတ်နေလိုက်သည်။ စိတ်ကိုလည်း သူ့ဖက်မရောက်အောင်.. ဘုရားစာထဲကိုသာ အာရုံပို့လိုက်သည်။ ပြီးတော့ စပယ်ယာကို
“ကျွန်တော့်ကို တရားခွေ တိုးတိုးလေးဖွင့်ပေးပါလား..၊ အိပ်ရင်း တရားနာလို့ရတာပေါ့..”
တိုးညှင်း သိမ်မွေ့သော တရားသံက ကြားရရုံလေး ထွက်လာသည်။ ကျွန်တော် တရားနာရင်း စိတ်ကို မပြန့်လွင်အောင် ထိန်းရင်း အိပ်ပျော်သွားခဲ့သည်။ မနက် နိုးနိုးချင်း ကြည့်မိတာက ဘေးနားက နေရာ..
ဘယ်သူမှရှိမနေ..။ ကျွန်တော် စပယ်ယာကို မေးကြည့်သည်။
“ဘေးနားက လမ်းကြုံလိုက်လာတဲ့ ညီမ ဆင်းသွားပြီလား..”
“မဆင်းပါဘူး..၊ ကားက လုံးဝမရပ်ဘူး..၊ တောက်လျှောက်မောင်းနေတာလေ..”
“အခုသူ မရှိတော့ဘူးလေ…”
“ခုံများ ပြောင်းထိုင်နေသလား…”
သူပြောမှ ကျွန်တော်လည်း ကားထဲက ခုံတွေအားလုံး လိုက်စစ်ကြည့်သည်။ မတွေ့..။
“မရှိပါဘူးကွာ..၊ မင်းတို့ကလည်း လူတစ်ယောက်လုံး ပျောက်သွားတာကိုတောင် မသိဘူးလား..”
“အာ.. အကိုကလည်း ကားမှ မရပ်တာ..၊ လူစစ်ဖို့ မလိုဘူးလေ..၊ ထူးဆန်းတယ်ဗျာ..၊ ဘယ်ရောက်သွားတာ လဲ ဒီသားအမိ…”
“နေပါအုံး…၊ နောက်တစ်ခုက…၊ ကျွန်တော်တို့ကားက… လားရှိုးကနေ အစောဆုံးထွက်တဲ့ကား.. ရှေ့မှာ ဘယ် လားရှိုးကားမှ မရှိဘူး..”
“မင်းဟာ သေချာလို့လားကွာ..”
“အာ အကိုကလည်း ကျွန်တော်တို့က ဘယ်ကား ဘယ်ရောက်ပီ ဆိုတာ အချိန်ပြည့် ဖုန်းနဲ့ချိတ်နေတာဗျ..”
“ဒါဆို ငါတို့တွေ့ခဲ့တာ ဘာကြီးလဲ…”
“လွန်ခဲ့တဲ့နှစ်ရက်က အဲ့ဒီနေရာတစ်ဝိုက်မှာ ကားတိုက်မှု တစ်ခုဖြစ်ခဲ့တယ်ဗျ…။ အမျိုးသမီးတစ်ယောက်နဲ့ ကလေး တစ်ယောက် ပွဲချင်းပြီးဆုံးသွားတယ်တဲ့ .. သတင်းစာထဲမှာတော့ ဖတ်လိုက်ရတယ်… ကျွန်တော် တို့ တင်ခဲ့တာ အဲ့ဒီနှစ်ယောက်များ ဖြစ်နေမလား..”
“ဖြစ်နေမလား မဟုတ်ဘူး.. ဖြစ်နေတာဟေ့..၊ မင်းကို ပြောပြလိုက်အုံးမယ်..၊ အေး..၊ သူချီထားတဲ့ကလေးက ခေါင်းပဲ ရှိတယ်..။ ကိုယ်မရှိဘူး..။ ငါ့ကို ဘာမှ ဒုက္ခမပေးတာနဲ့ ငါလည်း တစ်ညလုံး ဘုရားစာတွေရွတ်၊ မေတ္တာတွေ ပို့နေလိုက်တာ.၊ ရှေ့လျှောက် ညပိုင်းဆို မင်းတို့ ကားပေါ်မှာ တရားခွေလေး ကြားရရုံဖွင့်ထားပါကွာ…၊ ဘေးကင်းတာပေါ့..”
ဒီလိုပါပဲ..။ အဲ့ဒီ နာမည်ကြီးတဲ့ အမြန်လမ်းမကြီးမှာ.. လူမသိသူမသိပဲ.. ညမှောင်မှောင်မှာ.. ကားတားတားပြီး စီးတတ်ကြတဲ့ သူတွေ ပိုမိုများလာသလို လမ်းပေါ်မှာ ကားတိုက်မှု၊ ကားမှောက်မှု၊ လူသေဆုံးမှုတွေကလည်း ပိုမို ဖြစ်လာကြတာဟာ တိုက်ဆိုင်မှု တစ်ခုလားဆိုတာကတော့ ကျွန်တော့်ကို ခေါင်းခြောက် စေခဲ့ပါတယ်..။

သင်တို့လည်း ညဘက် အဲ့ဒီလမ်းပေါ်မှာ ခရီးဝေးကား စီးရတဲ့အခါ လမ်းကြုံလို့
တားဆီးတဲ့ မသင်္ကာဖွယ်ရာ လူများတွေ့ရင် မေတ္တာသုတ်ကိုသာ နာနာဖိရွှတ်ပါလို့
အကြံပေးလိုက်ရပါစေ..။
တခါကကြုံခဲ့သောကိစ္စတခု
သူ
ဘယ်သူဘယ်ဝါ ဆိုတာ ကျွန်တော်မသိပါ.. ကျွန်တော့်ရဲ့ အနီးအနား ဝန်းကျင်မှာတော့
သူဟာ အရိပ်တစ်ခုအနေနဲ့ ရှိနေတယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိနေပါတယ်…
တစ်ခါတလေ အသံပေး အရိပ်ပြတတ်တဲ့ သူ့ကို ကျွန်တော် ရုတ်တရက် တွေ့လိုက်
ကြားလိုက်ရရင် ကြောက်စိတ်ဝင်မိပေမယ့် ဒီထက်ပိုပြီး ထူးခြားမှု မပြတဲ့သူ့ကို
တစ်ခါတရံ သတိရနေမိသလိုလို… ဒီလိုအတွေး စိတ်ထဲဝင်လာရင် သူ့အတွက်
ဆုတောင်းပေးမိ ပါတယ်…
ဒါပေမယ့် သူဒီနေရာဝန်းကျင်ကနေ စွန့်ခွာသွားမှာကိုတော့ကျွန်တော် တစ်ကယ်မလိုလားပါဘူး.. နှစ်ပေါင်းများစွာ နေခဲ့တဲ့ဒီနေရာလေးကို စွန့်ခွာသွားဖို့ အတွက်သူလဲဝန်လေးမှာပေါ့.. ဒီနေရာကိုသူပိုင်ပါတယ်… သူကကျွန်တော့်ရဲ့ အမည်လဲမသိ လူကောင်မပေါ်တဲ့ ခုလက်ရှိ ကျနော်နေနေတဲ့ အခန်းရဲ့ အိမ်ရှင်လေးလို့ ထင်ပါတယ်…
ဘာကြောင့်လဲ မေးရင် ကျွန်တော် အခုလက်ရှိနေတဲ့ အခန်းလေးက အရင်က လူသူ မနေတဲ့ ဂိုဒေါင် အဟောင်းလေး တစ်ခုပါ.. ဂိုဒေါင်သက်တမ်းကလည်း ကျွန်တော့် အသက်ထက် ထက်ဝက် မက ကြီးတယ်လို့ အိမ်ရှင်အဖွားကြီး ကပြောပါတယ်.. ကျွန်တော်နဲ့ ရေစက်ပါတဲ့ဒီဂိုဒေါင်လေးက လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ကျနော် စရောက် ကတည်းက အလုပ်ရှာရင်း လစဉ် ပုံမှန် လာရှင်းဖြစ်ခဲ့တယ်… ဟောင်းအို နေတဲ့ဂိုဒေါင်ဘေးမှာလဲ လေးထပ်တိုက် အမြင့်သာသာ ရှိတဲ့ယူကလစ်ပင် တစ်ပင် ရှိတယ်လေ… မနှစ်က အိမ်ရှင်အဖွားက အပင်ကြီး မြင့်လာလို့ ခုတ်ပေးပါဆိုလာတယ်...
ဒါနဲ့ ကျွန်တော်လဲ အပင်ကို ဂိုဒေါင် အပေါ်ကနေ တက်ပြီး စခုတ်ပါတယ်.. စိတ်ထဲမှာ ထစ်နေလို့ အပင်ကို မတက်ခင် တောင်းပန်ရှိခိုးပြီး ခုတ်ပေမယ့် ကျွန်တော် ခုတ်နေတုန်းမှာ ရုတ်တရက် တစ်ယောက်ယောက်က တွန်းချသလို ခံစားရပြီး မထင်မှတ် ပဲ အပင်ပေါ်ကနေ ပြုတ်ကျတယ်… လေးထပ်အမြင့်ဆိုတော့ အောက်မှာ သွေးမထွက် မလှုပ်နိုင်တဲ့ ကျနော့်ကို အားလုံးကသေပြီးလို့ကို ထင်ခဲ့တယ်… ဒါပေမယ့် အမြင့်ပေါ်ကနေ အတားအဆီး မရှိ ကျလာတဲ့ကျနော် သွေးတစ်စက်မှ မထွက်ပဲ ခြေထောက် သာကျိုးသွားတယ်… အကုန်လုံးက အံ့သြကြတယ်...
ကျွန်တော်ကိုယ်တိုင်အံ့သြတယ်.. အပင်ပေါ်ကနေ တစ်ယောက်ယောက်က တွန်းချသလိုခံစားရတယ်.. အောက်ရောက်တော့လဲ အင်းဂတေကိုင်ထားတဲ့ ကြမ်းပြင် နေရာက ကျွန်တော့်အတွက် တစ်ယောက်ယောက်က တစ်ခုခုခံပေးထားသလို ခံစားရတာကိုပါ… မှောက်လဲ ကျတာ ခြေကားလက်ကားနဲ့ ကျပြီးတော့ ညာဘက်ခြေထောက်က ကျိုးသွားခဲ့တယ်.. တစ်ခုသိလိုက်တာက ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေတယ် ဒီအပင်ကို ခုတ်တာ မကြိုက်ဖူး ဆိုတာကို သိလိုက်ရတယ်… ဒါကြောင့် သုံးလလောက် နားပြီး ခြေထောက် ပြန်ကောင်းလာတော့လဲ ဒီအပင်ကို ထပ်ခုတ်ဖို့ စိတ်မကူးတော့ပဲ လာရှင်းပေးနေကြ အလုပ်ကိုတောင် နားလိုက်မိတယ်…
ရေစက်ကမကုန်ဘူးထင်ပါတယ်… ကျွန်တော်လည်း နောက်ပိုင်းကျတော့ တစ်ယောက်တည်း နေချင်စိတ်ကပေါ်တယ်… (အရင်ကတော့ စုပြီးနေတာ ပြဿနာ အမျိုးမျိုးကြောင့်ပါ)… ဒါကြောင့် တစ်ယောက်တည်း နေလို့ရနိုင်မယ့် တိုက်ခန်းကျဉ်းကျဉ်းလေး ကိုလိုက်ရှာတယ်လေ.. ဈေးသက်သက်သာသာနဲ့ တစ်ယောက်တည်း တစ်ခန်းနေရမယ့် နေရာမျိုး.. ဒီလို နိုင်ငံမှာ တစ်ယောက်တည်း နေဖို့က မဖြစ်နိုင်ပေမယ့် ရလိုရညားတော့ အားလုံးကိုမေးထား ပြောထားတယ်… တစ်နေ့တော့ အဖွားက စကားမစပ်ပဲ ဖုန်းဆက်ပြီး ခုဘာတွေလုပ်နေလဲ သူဆီလာတွေပါဦးဆိုတော့ ကျနော် သွားတွေ့ခဲ့ပြီး ကျနော် အခန်းရှာနေကြောင်းပါ ပြောဖြစ်လိုက်တယ်… အဲဒီမှာ အိမ်ရှင်အဖွားက ကျွန်တော်နေချင်တယ် ဆိုရင် ဒီဂိုဒေါင်လေးကို ပြင်ပြီးလာနေလို့ ရကြောင်း.. ပြင်စရိတ်ကို ကျွန်တော်ပေးရမှာ ဖြစ်ကြောင်း.. အခန်းခကိုတော့ သူယူမှာမဟုတ်ကြောင်း… တစ်ခုရှိတာက ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေကြောင်း..မကြောက်တတ်ရင်နေလို့ ရကြောင်း ပြောလာတယ်လေ...
နဂိုကလည်း တစ်ယောက်ထည်း နေချင်သူ ဆိုတော့ အချိန်မဆိုင်းချင်ပဲ အဖွားကို နေမယ်ပြောပြီး တစ်လအတွင်း အခန်းဖြစ်အောင် ပြင်လိုက်တယ်လေ.. မကြောက်ဖူးဆိုပေမယ့် အိမ်ရှင်အဖွားကိုယ်တိုင် ပြောထားဖူးတဲ့အခံလဲရှိ ကိုယ်တိုင်လဲ တွေ့ကြုံခံစားဖူးထားတော့ နည်းနည်းလန့် တာပေါ့လေ… ဒါပေမယ့် နောက်ဆုံးတော့ အခန်းလေးကို စိတ်ကြိုက်ပြင်ပြီး အိမ်ပြောင်းလာခဲ့တော့တယ်…
ကျနော် အခန်းပြောင်းတဲ့ ညမှာပဲ သူ့ကို စတွေ့ တယ်… ကြိုတင် ဆုံးဖြတ်ပြီးသားဆိုတော့ ကြိုဆိုတဲ့သဘောလို့ စိတ်ထဲမှတ်ထားလိုက်မိတယ်… သူ ကလူလိုပါပဲ… အရိပ်လိုလို ဘာလိုလို စိတ်ထဲက သိတာပဲရှိတယ်… ကိုယ်လုံးကိုယ်ထည်မမြင်ရတဲ့ မဲမဲကြီးပါ..အထီးအမ မသဲကွဲပေမယ့် ဟန်ပန်က အသက်(၅၀) သာသာ လူကြီးတစ်ယောက် ပုံစံမျိုးပါ… ညဘက်အလုပ်က ပြန်လာတာမို့ မှောင်မှောင်မဲမဲ မှာ ဆိုင်ကယ်မီးထိုးပြီး ဝင်လာတဲ့အချိန်မှာ မည်းမည်းအရိပ်ကြီးကိုတွေ့ လိုက်ရတဲ့ကျနော့်ရဲ့ ပထမဆုံးညက တော်တော်ကို တုန်လှုပ်မိတယ်… အဲဒီ ပထမဆုံးညက ဆိုအိပ်လို့ လဲမရဘူး.. အခန်းထဲ ကြောက်ကြောက်နဲ့ ဝင်ပြီးတော့ အပြင်လည်းမထွက်ရဲဖူး.. ဒါပေမယ့် သူရှိနေလား တကယ်များလား ဆိုတဲ့ အတွေးနဲ့လဲ ထွက်ကြည့်ချင် နေတယ်လေ.. ဘာမှမလှုပ်ရှားပေမဲ့ သူဒီအနီး အနားမှာရှိနေမှာ သေချာတာကိုတော့ ခံစားမိတယ်...
ဒီလိုနဲ့ နောက်နေ့ တွေမှာ ကျနော် အခန်းမှာ ပရိတ်ကြီး(၁၁)သုတ် တရားခွေကိုဖွင့်ပြီး မေတ္တာပို့ အမျှဝေပါတယ်… သူကြားအောင်လည်း အင်္ဂလိပ်လို တစ်မျိုး မြန်မာလို တစ်ဖုံ ဂရိလို တတ်သလောက် မှတ်သလောက်လေးနဲ့... “ဒါကနင့်နေရာပါ.. ငါ့ကိုပေးနေတဲ့ အတွက် ကျေးဇူးတင်ပါတယ်.. နင့်ကိုလဲ ငါမမောင်းထုတ်ပါဘူး.. ငါကို လဲကြောက်အောင်လန့် အောင်မလုပ်ပါနဲ့ နင်နေသာသလိုနေပါ” ဆိုပြီးအမြဲပြောတယ်လေ… သူကြားအောင်လဲ မေတ္တာပို့ အမျှဝေတဲ့ အလုပ်ကို ပိုလုပ်ဖြစ်ပါတယ်…
နောက်ပိုင်းတွေမှာ ကျနော် အိမ်အပြန် နောက်ကျတဲ့ နေတွေမှာဆို သူ့ကို ကျွန်တော့် တံခါးဝမှာရပ်စောင့်နေတာမျိုးကို ကျွန်တော့်ဆိုင်ကယ်မီးရောင်နဲ့ လှမ်းမြင်ရလေ့ရှိတယ်.. ကျနော်က ခပ်တည်တည်နဲ့ (စိတ်ထဲကတော့ ကြောက်မိတာပေါ့) “စောင့်နေတာလား… ကျေးဇူးတင်ပါတယ်” လို့ ဆိုလိုက်ရင် အရိပ်ကပြောက်သွားတယ်...
တစ်ခါတုန်းကဆို ညဘက် ကျနော် အလုပ်လုပ်တာကို သိတဲ့သူခိုးက ကျနော့် အခန်းကို ဝင်မယ်ကြံတော့ ငယ်သံပါအောင် အော်ပြေးတာ အိမ်ရှင်အဖွားက ပြန်ပြောပြလို့ သိရတယ်… ဘာကြောင့် အော်ပြေးသွားမှန်း မသိပေမယ့် ကျနော်ကတော့ သူကြောင့်လို့ ထင်မိပါတယ်…
ညနက်မှ အိပ်တတ်တဲ့ ကျွန်တော်က သူ့ ရဲ့ အရိပ်လိုလို စိတ်ထဲက တွေ့ရင် ကြောက်ကြောက်နဲ့ စကား လှမ်းပြောတတ်လာတယ်.. တစ်ခါတစ်လေ အခန်းဝမှာ ရစ်သီရစ်သီ လုပ်နေတတ်တယ် လို့ထင်မိပြန်တယ်… ဒါပေမယ့် စည်းကျော်ပြီးတော့ အိမ်ထဲထိ ဝင်လာနှောက်ယှက် တာမျိုးတော့မကြုံဖူးဘူး…
တစ်ခါတစ်ရံ သူပျင်းလို့ရှိရင် ကျနော်ရဲ့ စာကြည့်မီးချောင်း ကိုစသလိုလို နဲ့ မှိတ်တာမျိုး လုပ်တတ်တယ်လေ.. ပထမတော့ မီးချောင်းကဖြစ်တာပါလို့ ထင်ပေမယ့် နောက်ကျတော့ မရည်ရွယ်ပဲနဲ့ “မလုပ်ပါနဲ့ ကွာ..စာလုပ်နေလို့ ပါ..ပြန်ဖွင့်ပေးပါ” လို့ ညင်ညင်သာသာ ပြောလိုက်ရင်တော့မီးက အလိုလို ပြန်ပွင့်လာတယ်… အမြဲမဟုတ်ပေမယ့် လာလာစတတ်တယ်လို့ ထင်မိတယ်…
တစ်ခုရှိတာက ကျွန်တော်ညနက် အိပ်တာကိုတော့သဘောကျပုံမပေါ်ဘူး.. မီးရောင်ကြောင့် လို့ထင်ပါတယ်… မီးလင်းတာမျိုးတွေ့ ရင်အပြင်ကနေ အသံတစ်မျိုးမဟုတ် တစ်မျိုးကြားရတတ်တယ်.. မီးပိတ်ပြီးသာ ငြိမ်နေလိုက်ရင်တော့ အသံလဲအလိုလို ပျောက်သွားတတ်တယ်… နောက်ပိုင်း ကျနော်လဲ နေသားကျသွားတယ် ထင်ပါတယ်… သူရှိနေတယ်ဆိုတဲ့အသိလေးနဲ့ ကျွန်တော်လဲလုံခြုံနေသလို ခံစားမိတယ်… (ကျနော်ညဘက် အလုပ်သွားတုန်း ကျနော်ဆီမှာ လာအိပ်လာစားကြတဲ့ ဧည့်သည် သဘောင်္သားနှစ်ယောက်က တော့ တစ်ညမှာ ကောင်းကောင်း ပညာပြခံလိုက်ရပါတယ်… နောက်နေ့ကစလို့ ကျနော့်အခန်းကို ကျနော်မရှိပဲ အလည်မလာကျသလို ညဘက်ကို လုံးဝ အိပ်ဖို့ ငြင်းဆန်သွားပါတယ်)...
ဘာကြောင့်ပဲ ဖြစ်ဖြစ် သူ့ကိုလဲ မမောင်းထုတ်ရက်ဘူး… ကျွန်တော့်ကြောင့် သူထွက်သွားမှာ ကိုလည်းမလိုလားဖူး… နှစ်နှစ်နီးပါးနေလာတဲ့ ဒီနေလေးကို ကျွန်တော်ချစ်တယ်ဆိုရင် နှစ်ပေါင်းများစွာနေလာတဲ့သူ့ အတွက်ကိုယ်ချင်းစာမိပါတယ်… ဒါပေမယ့် သူ့ကို ကျွတ်လွတ်တဲ့ ဘဝကိုလဲရစေချင်ပါတယ်… သူကြားနိုင်အောင်လို့ မေတ္တာပို့ အမျှဝေဆဲပါ… စိတ်အနှောက်အယှက် တစ်စုံတစ်ရာမှမပေးပဲ ကျွန်တော့်ကို နေခွင့်ပေးထားတဲ့အတွက် ကိုလည်းကျေးဇူးတင်မိတယ်...
အခုတော့သူဟာ ကျွန်တော့်အတွက်အဖော်ကောင်းလေးပါ… သူ ရှိနေတဲ့အတွက်လည်း ကျွန်တော်ဘယ်လို မှမခံစားရပါဘူး.. အရင်ဘဝက ပါလာတဲ့ရေစက်လို့ ပဲသတ်မှတ်လိုက်ပါတယ်… သူ့ကို ကျွတ်ရာ လွတ်ရာကိုလဲ ရောက်စေချင်ပါတယ်… အခုတစ်လော အလုပ်နဲ့ နေ့နေ့ ညည နပန်းလုံးနေတဲ့ကျွန်တော်ဟာ ဒီည အလုပ်နောက်ကျလို့ ညဥ့်နက်မှပြန်ရောက်လာတော့ သူကြိုနေတာကို တွေလိုက်ရတယ်…
အိမ်ရှင် အဖွားပြောပုံ အရဆိုရင် ဒီတစ်ယောက်က အိမ်ရှင်အဖွားရဲ့ အဖေဖြစ်နိုင်တယ်… ကျနော်နေတဲ့ ဂိုဒေါင်မှာပဲ သူအမြဲနေတယ်… ထမင်းစားချိန်နဲ့ အိပ်ချိန်ပဲ ပြန်တက်လာပြီး ဒီဂိုဒေါင်မှာ ရေဒီယိုတစ်လုံး နဲ့ အလုပ်ရှုတ်နေတတ်သလို နွေမှာ အရိပ်ရအောင် ဂိုဒေါင်ဘေးမှာ အပင်စိုက်ခဲ့တယ် ဆိုပါတယ်… ဘာကိုစွဲလမ်းပြီး ဘယ်လိုဆုံးတယ်ဆိုတာတော့ မသိပါဘူး… ဘဝမှာ သူ့ နဲ့ ကျနော်အတွက် အမှတ်တရဖြစ်သလို ဒီဂိုဒေါင် အခန်းလေးထဲမှာ လွတ်လွတ်လပ်လပ် တစ်ယောက်တည်း နေရတဲ့ အတွက်လဲ ကျေနပ်ပီတိဖြစ်ပါတယ်…..။ ။ ။
( စိတ်ကူးယဉ်ရေးဖွဲ့ထားခြင်း မဟုတ်ပါ )
ပြန်လည်ခံစားခြင်း

Sunday, 23 November 2014
ရထားကြိတ်ခံပြီး သေခဲ့ရတဲ့ ဗိုက်ကြီးသည် သရဲမ(ကြောက်တတ်သူများ မဖတ်ရ)
ဖစ်ပုံက ဒီလိုရယ်ပါ။
ကျွန်တော်ငယ်ငယ်တုန်းက အဲဒီအလည်လာတဲ့ အကိုတို့ ရှိတဲ့ နယ်မြို့ လေးကို အလည်သွားဖူးတယ်။ ရှမ်းတွေပါ သူတို့ က။ ပြီးတော့ 
နေရာလေးကလည်း အရမ်းခေါင်တယ်။ ရထားလမ်းပဲ ကောင်းကောင်းပေါက်တာ။ အဲဒီမြို့ ကို သွားမယ်ဆိုရင်လေ။ ကားလမ်းမပေါက်ဝူး။
မြို့ ရဲ့ အလည်ခေါင်မှာ ဘူတာရုံရှိတယ်။ ရထားလမ်းက အဲဒီမြို့ အလယ်မှာပေါ့နော်။ ပြီးတော့ ရထားလမ်းစစဖေါက်တုန်းကဆို အဲဒီမြို့ က
လူတွေက ရထားသံလမ်းတွေ ဖြုတ်ဖြုတ်ခိုးလို့ ဆိုပြီး ရထားလမ်းကို အုတ်တံတိုင်းတွေ ခတ်ထားတယ်။ ရန်ကုန်ဘူတာကြီး အ၀င်လိုပေါ့။ အပေါ်မှာ ကုန်းကျော်တံတားတွေ ထိုးပေးထားတယ်။ ဒါပေ့ မယ် ကုန်းကျော်တံတားတွေက ဖြစ်သလိုထိုးထားတာဆိုတော့ ဗျာ။
သိပ်တော့ ခိုင်တယ်မဟုတ်ဝူး။ ရထားလာပီဟေ့ ဆိုရင် အဲဒီကုန်းကျော်တံတားတွေက တုန်ခါနေတာ။ ပြီးတော့ လက်ရန်းတွေကလည်း တစ်ချောင်းတည်းထားထားတာ။ ဖြစ်သလို အကြမ်းလုပ်ထားတဲ့ သဘောကြီးပါ။ အန္တရာယ်တအားများတယ်။ အဲဒီအခါတုန်းကပြောပါတယ်။ အခုနောက်ပိုင်းတော့ မသိ။
ဒီလိုနဲ့ တစ်နေ့ ဗျာ။ ရထားလမ်း ဟိုဘက်ကခြမ်းက ဗိုက်ကြီးသည်တစ်ယောက် မီးဖွားမလို ဖြစ်တယ်။ အရပ်လက်သည်တွေ ခေါ်လို့ ရပေ့ မဲ့ လည်း သူတို့ က ခေတ်မှီတယ်လေ။ အဲဒီတော့  ဗိုက်ကြီးသည်ကို ပုခက်ပုံစံလုပ်ထားတဲ့ ထမ်းစင်နဲ့ ခေါ်လာကြတယ်။ ဒီဘက်ခြမ်းက ပြည့် သူဆေးရုံကို ပေါ့။ ဆေးရုံကလည်း သိပ်အကြီးကြီးမဟုတ်ပါဝူး။ သေးသေးရယ်ပါ။ အဲဒီလို ခေါ်လာတဲ့ အချိန်
ကုန်းကျော်တံတား အလယ်လောက် အရောက်မှာပေါ့နော်။ အောက်မှာကလည်း ရထားသံလမ်း။ အဲဒီအချိန် ရထားက လာတယ်။
အရှိန်ပြင်းပြင်းနဲ့ မောင်းလာတာ။ ကုန်းကျော်တံတားက တုန်နေတာပေါ့ဗျာ။ ထမ်းတဲ့ လူနှစ်ယောက်ကလည်း အားမရှိဝူးထင်ပါတယ်။
တံတားက တုန်နေတော့  ဟန်ချက်ပျက်ပြီး။ ဘယ်ယာ ယိုင်ထိုး ပြီးတော့  လဲကြတယ်ဆိုပါတော့ ။ ဘေးကလူတွေကလည်း ပုခက်ကို ၀ိုင်းထိမ်းတယ်ဆိုပါတော့ ။ ဒါပေ့ မယ် သူတို့ ထိမ်းတဲ့ ဘက်က တံတားလက်ရန်းဘက်ကမဟုတ်ဝူး။ ဒီဘက်က ဖြစ်နေတယ်။ အရှိန်နဲ့ ဆိုတော့ ပုခက်က လွှဲသလိုဖြစ်။ ဗိုက်ကြီးသည်ကလည်း နာလို့ လှိမ့် နေတော့  တံတားလက်ရန်းဘက်ကို အရှိန်လွန်ပြီးတော့  ဗိုက်ကြီးသည် ဆင်းသွားတယ်။ တံတားအောက်ကို။
လူတွေကလည်း ပြာကုန်တာပေါ့။ သိတယ်မလား။ မြင်ကွင်းက မြင်ရက်စရာတော့ မကောင်းပါဝူး။ အဲဒီဗိုက်ကြီးသည်က ရထားလမ်းပေါ်ပြုတ်ကျ။ မြင့်ကလည်း မြင့်တော့ ကိုယ်ဝန်ပျက်သွားတယ်ထင်တယ်။ သွေးတွေက မြင်မကောင်းဝူးတဲ့ ။ သူလည်း နာလို့ အော်နေတဲ့ အချိန်မှာ ရထားကလာနေတာ။ တံတားပေါ်ကလူတွေကလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘူးလေ။ အဲဒီလို ရှုပ်ရှုပ်ထွေးထွေးနဲ့ အရမ်း စိုးရိမ်စရာကောင်းတဲ့ အခြေအနေမှာ ဗိုက်ကြီးသည်ကို ရထား ကြိတ်ရှာတယ်။ တော်တော်ကို စိတ်မကောင်းဖြစ်စရာ အကြောင်းအရာကြီးပါ။ ကြားရတိုင်း နားမချမ်းသာဝူး။
သေနေစေ့ နေလို့ ပဲလား။
ဒါမှမဟုတ် ထမ်းတဲ့ လူတွေ သောက်သုံးမကျလို့ ပဲလား။
တံတားလုပ်တဲ့ သူတွေ ညံ့ ဖျင်းတာလားကတော့  ဘုရားသာ သိနိုင်မယ်ထင်တယ်။
ဒီလိုနဲ့  အဲဒီတံတားမှာ ဗိုက်ကြီးသည်သရဲ ခြောက်ပါလေရောဗျို့ ။ သူသေသွားတဲ့ နေ့ တွေက ညတိုင်း အော်တာတဲ့ နော်။ နာနာကျည်းကျည်း ညဉ်းတွားသံက အဲဒီတံတားအောက်က ည (၁၀) ကျော်တာနဲ့ စတော့ တာပဲတဲ့ ။ ည (၁၁) နာရီလောက်ဆိုရင်
တံတားပေါ်မှာ သူက ဟိုဘက်လျှောက်လိုက်။ ဒီဘက်လျှောက်လိုက်နဲ့  “တောက်” တစ်ခေါက်ခေါက်ဆိုဗြဲ။ သံလမ်းတံတိုင်းတွေရဲ့ ဒီဘက်ကလည်း လူနေအိမ်တွေ ရှိတယ်လေ။ အဲဒီတော့  တော်တော်များများက တံတားပေါ်မှာ ဘုန်းကြီးတွေ ဘာတွေ ပင့်ပေးပြီးတော့ 
ပရိတ်တွေဘာတွေ ရွှတ်ပေးတယ်။ ဒါပေ့ မယ် လည်း မကျွတ်ဘူးပြောကြတယ်။ နောက်ပိုင်း ပြောင်းပြေးတဲ့ အိမ်တွေ များလာတယ်။
အထက်ပါအကြောင်းအရာလေးကတော့ အတိတ်က အဖြစ်အပျက်ပါ။ ကျွန်တော်တို့ အဲဒီမြို့ ကို အလယ်ရောက်သွားတဲ့ အချိန်ကျတော့ 
ပြောပြလို့ ပြန်ကြားရတာလေးပါ။ အလယ်သွားရတဲ့ အကြောင်းရင်းကလည်း အဘွားရဲ့ ညီမ ဆုံးလို့ သွားတာပါ။ ဟိုရောက်တော့ တန်ဆောင်တိုင်လကြီးခင်ဗျ။ အနော်ကတော့ ခလေးဆိုတော့  အဲဒီက အကိုတွေ အမတွေနဲ့ ဆော့ ပေါ့ဗျာ။ တိတယ်မလား။ ငယ်ငယ်ကတည်းက အဆော့က မက်ပါဘိသနဲ့ ။ အဘွားကတော့  သူညီမ ဆုံးတာဆိုတော့ မျက်ရည်လေး စမ်းတန်း၊ စမ်းတန်းနဲ့ ပေါ့ဂျာ။ အဲဒီမှာ ဆော့ ရင် ညဘက်ဆို အနော်တို့ က တူတူပုန်းတိုင်းကစားကြတယ်ခင်ဗျ။ မောင်နှမတွေကလည်း ဆယ်ယောက်ကျော်တယ်လေ။ တစ်ဝမ်းကွဲတွေရော၊ နှစ်ဝမ်းကွဲတွေရော။ တစ်ချို့  ရှမ်းတရုတ်တွေ ဆိုလည်း အမျိုးတဲ့ ဗျာ။ ယုံချင်စရာတောင်မချိဝူး။ အဘွားပြောလို့ ယုံတာ။ ရှုပ်နေတာဗြဲ။ ကုလားတွေရော၊ တရုတ်တွေရော၊ ရှမ်းတွေရော။ အမျိုးတဲ့ ဗျာ။လေဒယ်။ ထားလော့ အဲဒါ။ ဒီလိုနဲ့  တူတူပုန်းတိုင်း ကစားရင် အနော်သတိထားမိတာ တစ်ခုရှိတယ်ဗျ။ သံလမ်းအုတ်တံတိုင်းရှိတဲ့ ဘက်ကို ဘယ်သူမှ မပုန်းကြဘူး။ အဲဒါနဲ့ အနော်က နောက်ပိုင်းမှာ လည်တယ်။ အဲဒီမှာ သွားသွားပုန်းနေတာ။ တစ်ခုထူးခြားတာတော့ ရှိတယ်။ အဲဒီဘက်က အိမ်တွေက လူမရှိကြ၀ူး ဟိဟိ။ အဲဒါ သူတို့ လိုက်၇ှာရင် အနော်ကို လုံးဝမတွေ့ ဘူး။ နောက်ဆုံးမှ အနော် ထွက်
အမိခံတော့ မှ မိသွားတာ။ အဲဒါ တစ်ရက်ဆော့ တယ်။ ဘာမှဖြစ်ဝူး။ နှစ်ရက်ဆော့ တယ်။ ဘာမှ ဖြစ်ဝူးခင်ဗျ။
တစ်နေ့ ပါ။ တစ်နေကုန် အဘွားလေး အသုဘ ကိစ္စနဲ့ မဆော့ ရတာနဲ့  ညဘက်မှာ အတိုးချပြီးဆော့ ကြတယ်။ ဆယ်နာရီလည်း ကျော်နေပြီလေ။ အသုဘအိမ်ဆိုတော့ ဗျာ။ သိတယ်မလား။ လူတွေက ရှုပ်နေတာဆိုတော့ ခလေးတွေကိုလည်း သူတို့ က သိပ်မပြောသာသေးဘူး။ အဲဒါ တူတူပုန်းတိုင်းကစားတော့  အနော်က အဲဒီသွားပုန်းနေတာ။ အနော်ပုန်းတဲ့ နေရာလေး ဒီလိုဗျ။
အရှေ့ မှာ အမှိုက်ကန်ရှိတယ်။ အနောက်မှာ အုတ်တံတိုင်း အဲဒီကြားထဲ ၀င်နေတာ။ အားလုံးမိသွားပြီးနောက် သူတို့ ကျွန်တော်ကို လိုက်ရှာတယ်။ သူတို့ ကျွန်တော် ရှိနေတဲ့ လမ်းဆီကို ထိပ်ကနေကြည့် တယ်။ ပြီးတော့ မတွေ့ တော့ မှ ပြန်သွားတာ။ အနော်ရှိတဲ့ ဆီ
လိုက်မရှာဝူး။ ဟီး ဂွင်ကောင်းတယ်နော်။ အနော်ပုန်းတဲ့ နေရာလေ။ အဲဒါနဲ့ အနော်လည်း သူတို့ ကို ပန်းပေးပြီလား မေးဖို့ ဆိုပြီး နေရာပြောင်းရတယ်။ ဟုတ်တယ်လေ။ ကိုယ်နေတဲ့ နေရာကနေ လှမ်းမေးရင် နေရာသိသွားမှာပေါ့နော့ ။ အဲဒါကြောင့် နေရာပြောင်းတာ။ အဲဒါ မတ်တပ်ရပ်ပြီးတော့ အနော်တို့ လမ်းထဲကို ထဖို့ အသွားဗျာ။ အုတ်တံတိုင်းပေါ်က အသံကြားလို့ လှည့် ကြည့် မိတာ။ လားလား ဘယ်နှယ်ဗျာ။ အုတ်တံတိုင်း ကုန်ကျော်တံတားလောက်ကနေ လူတစ်ယောက် လမ်းလျှောက်လာတယ်။ သူလျှောက်လာတဲ့ 
ပုံစံကလည်း အုတ်တံတိုင်းပေါ်မှာဗျာ။ လူက ၀တုတ်တုတ်ကြီးရယ်။ လှုပ်တုတ်၊ လှုပ်တုတ်နဲ့ ။ အဲဒါကို အနော်က
ဆပ်ကပ်ပြသလို သေသေချာချာကြည့် နေသေးတယ်။ ဟုတ်တယ်လေ။ ကြိုးတန်းလမ်းလျှောက်သလို လုပ်နေတာကိုး။ အဲဒီဟာက အနော်နဲ့ နီးလာလေလေ အနော် ကြက်သီးထလေလေပဲဗျ။ သိလား။ ပြီးတော့  မှောင်နေတာနဲ့ ဆိုတော့ သေသေချာချာတော့  မမြင်ရ၀ူး။ အဲဒီအချိန် သူဆီက “တောက်” ဆိုပြီး ခေါက်သံတစ်ချက်ပေါ်လာတယ်။ အဲဒါနဲ့ အနော်လည်း
“ဟ၊ အရက်မူးသမားထင်တယ်။ လစ်မှ” ဆိုပြီး ပြေးသွားလိုက်တယ်။ ဟုတ်တယ်လေ။ အရက်မူးသမားဆိုတာ ပြောလို့ ရတာမဟုတ်ဝူး။
ပြီးတော့ အဲဒီဘက်တွေက လူဆိုးသူခိုး များကများနဲ့ ။ ခလေးဆိုပေ့ မယ် အဘွားက ခရီးထွက်တော့ လည်ပင်းမှာ ရွှေဆွဲပြားလေး ဆွဲထားပေးတယ်။ လုယူ ဘယ်နှယ့် လုပ်မတုန်းနော့ ။ ခလေးဆိုပေ့ မယ့် အနော်လည်း လည်ပါတယ်ဗျ အဟဲ။ အဲဒါနဲ့ ပြေးတာ။
ပြေးရင်း လှည့် ကြည့် သေးတယ်။ သူကလည်း ပြေးလိုက်လာတာနော်။ သိလား။ သူလိုက်တဲ့ ပုံစံကြီးကလည်း သူ့ ကိုသူ မနိုင်တစ်နိုင်နဲ့ 
ပြေးနေတဲ့ ပုံ။ ဆံပင်ကလည်း ဖားလားနဲ့ ။ သူမမှီပါဝူးဂျာ အနော်ကို။ အနော်က အပြေးက သန်တယ်လေ။ အဲဒါကြောင့်။
ဒီလိုနဲံအိမ်နားကို ရောက်တော့  ကျွန်တော်ညီအကို တွေက စောင့်နေတယ်။ ကျွန်တော် အဲဓီဘက်လမ်းထဲက ထွက်လာတာမြင်တော့ 
သူတို့ က အနော်ကိုဆီကို ပြေးလာကြတယ်။ ဘာဖြစ်လဲ ဘာညာပေါ့ဗျာ။ အနော်က ငါအဲဒီမှာ သွားပုန်းတာလို့ ။ အဲဒါကို အရက်မူးသမားထင်တယ်လို့ ။ ငါ့ကို လုမလို့ လာလုပ်လို့ ပြေးလာတယ်ပေါ့ဗျာ။ ပြောလိုက်တာ။ သူတို့ က ချက်ခြင်းပဲ။ အားလုံး အိမ်ထဲဝင်ကုန်တော့ တာပဲ။ အနော်နဲ့ အကိုတစ်ယောက်လာအိပ်ပေးတယ်။ သူက ပြောတယ်။ နောက် တူတူပုန်းတိုင်း ကစားရင် အဲဒီသွားမပုန်းနဲ့ တဲ့ ။ ဒါပဲ ပြောတာ။ ဘာဖြစ်လို့ လဲလို့ မေးလို့ ကို မရ၀ူး။ မနက်မှ ဖြေမယ် ကြီးလုပ်နေတာနဲ့ တင် အဲဒီညက အနော် စိတ်ထဲမှာ မတင်မကျနဲ့ အိပ်လိုက်ရတယ်။
မနက်ကျတော့  သူတို့ ကို အနော် အတင်းမေးတာ။ အဲဒီတော့ မှ အဲဒါသရဲမတဲ့ ။ ဗိုက်ကြီးသည်သရဲမတဲ့ ။ နောက်မသွားနဲ တဲ့ ။ သွားရင် မဆော့ တော့ ဝူးလို့ ပြောတယ်။ အနော်က ယုံမလားဗျာ။ အနော်လို ကောင်က ယုံမလား…သရဲဆိုတာကို။ သက်သက် ငါ့ကို လိုက်မရှာချင်လို့  အဲဒီလို ပြောတယ်ထင်တယ် ဆိုပြီး ပါးစပ်ကသာ မဆော့ ရမှာဆိုးလို့  “ဟုတ်” ပြောလိုက်ပေ့ မယ်။ စိတ်ထဲမှာတော့ 
တေးထားတာ။ အဲဒီညကလည်း တူတူပုန်းတိုင်းဆော့ တယ်။ အနော်နဲ့ တစ်ယောက်က အမြဲလိုက်လိုက် ပုန်းတာနဲ့ ။ အဲဒီဘက် သွားမပုန်းရတော့ ဝူ။
ဒီလိုနဲ့  သူခိုးကြီးည ကိုရောက်လာတယ်ဆိုပါတော့ ။ မနက်ဆို အနော်တို့ က ပြန်တော့ မှာလေ။ အဲဒါည အလွှမ်းတွေဘာတွေသယ်ပေါ့ဗျာ။ အဘွားက။ အနော်တို့ ကလည်း အတိုးချပြီးဆော့ ပေါ့။ ဒီမှာပျော်ရတာကိုး။ အဲဒီမှာ ညကျရင်တဲ့ 
“ငါတို့ ရှမ်းခေါက်ဆွဲ ဆိုင်က ခုံတွေကို ရွှေ့ ကြရအောင်လို့ ” အကိုတစ်ယောက်က ပြောတယ်။ ကျန်တဲ့ သူတွေကလည်း သဘောတူတယ်။ လကလည်း သာနေတာ ထိန်လင်းနေတာပဲ။ အဲဒီညက။ လူခြေတိတ်တော့  ဆိုင်ကခုံ တွေကို ရွှေ့ တယ်ဆိုပါတော့ ဗျာ။ ကျန်တဲ့ သူတွေက နီးနီးနားနား ရွှေ့ တာဗျ။ မနက်ရှာတဲ့ လူအဆင်ပြေအောင်။ အနော်တို့ ဆီမှာက ဒီလိုမှ မဟုတ်တာ။ အဝေးကြီးတွေ့ ရွှေ့ ကြတာ။ အဲဒါနဲ့ က ဘိန်းမုန့် ရောင်းတဲ့ ဆိုင်က ခုံတွေကို မပြီး တော့  အဲဒီအုတ်တံတိုင်းဘက်မှာ သွားသွားထားနေတာ။ လူတွေက ကိုယ်ဇောနဲ့ ကိုယ်မို့ အနော်ကို သတိမထားမိဝူး။ အဲဒါ နောက်ဆုံး ခုံသွားထားတော့ ပြသနာက စတော့ တာပဲ။ ဒီတစ်ခေါက် ခုံသွားထားတဲ့ နေရာက ကုန်းကျော်တံတားနဲ့ နီးတယ်ဗျ။ အဲဒီမှာ ခုံတွေကို အနော်က လမ်းမပေါ်မှာ လှလှလေးဆီနေတာ။ “Zu” ဆိုတဲ့ နာမည် အစ “Z” ပုံစံစီနေတာပါ။ အဲဒီအချိန် ကုန်းကျော်တံတားပေးမှာ ဘာမှမရှိဝူးနော်။ အနော်ကြည့် နေသေးတယ်။ ပတ်ဝန်းကျင်ကိုလေ။ အစအဆုံး စီပြီးတော့ စိတ်တိုင်းကျပြီးလည်း ဆိုရော။ ကုန်းကျော်တံတားဘက်က
“တောက်” ခေါက်သံ တစ်ချက် ပေါ်လာတယ်။ အဲဒါနဲ့ မော့ ကြည့် လိုက်မိတာ။ ဘာတွေ့ တယ်ထင်တုန်း။
ဟိုတစ်ခါက တွေ့ တဲ့ ဟာကြီးဗျ။ လှုပ်တုတ်လှုပ်တုတ်နဲ့ လေ။ အနော်က သေသေချာချာကြည့် နေတာ။ အဲဒါကို
သူက ကုန်းကျော်တံတားကို တွယ်တတ်နေတယ်။ ပြီးတော့  ကုန်းကျော်တံတားကို ရောက်လာတယ်။ အနော်ကို ကြည့် တယ်။
ပြီးတော့  ကျွန်တော်ဆီကို တည့် တည့် လျှောက်လာတာ။ အနော်က လမ်းမပေါ်မှာနော်။ သူက ကုန်းကျော်တံတားတစ်ဝက်ကနေ တတ်လာတာ။ ဘယ်လို မှ မဖြစ်နိုင်ဝူး။ တံတားကို လှေကားမရှိပဲ တတ်ဖို့ ဆိုတာ။ သူက ကျွန်တော်ဆီလျှောက်လာတဲ့ အထိ ကျွန်တော်ကြည့် နေသေးတယ်။ လူလို့ ထင်လို့ ။ ပြီးတော့  အကိုတွေ ပြောတာလည်း မယုံလို့ ။ အဲဒီအချိန်သူ ဗိုက်ကို ကျွန်တော်ကြည့် မိလိုက်တယ်။ အဲဒီမှာ ဘာဖြစ်နေလဲသိလား။ ဗိုက်ကြီးက အကြီးကြီးရယ်။ ပြီးတော့ အောက်နားက ပေါက်နေတယ်။ တစ်ခုခု ထွက်ကျနေတဲ့ ပုံစံမျိုးဗျာ။ မျက်နှာကိုတော့ မမြင်ရ၀ူး။ အဲဒါနဲ့ အနော် တစ်ဖြည်းဖြည်း အဘွားတို့ အိမ်ဘက်လမ်းကို ဆုတ်လာတယ်။
သူကလည်း အဲဒီတံတားပေါ်က ဖြည်းဖြည်းခြင်း ဆင်းလာတာ။ အခုတော့ အနော် သိလိုက်ပါပြီ။ အဲဒါ ဘာလဲဆိုတာလေ။ လူမဟုတ်တာတော့ သေချာသွားပြီ။ မိန်းမဗျ။ မိန်းမတစ်ယောက်ပါ။ ညကြီးမင်းကြီး ဒီလိုမျိုးဆိုတာ သွေးရိုးသားရိုးတော့ မဟုတ်နိုင်ဝူးလေနော့ ။ အဲဒါနဲ့ တစ်ဖြည်းဖြည်း နောက်ဆုတ်လာရင်းနဲ့ ။ လှည့် ပြီးပြေးတော့ တာပဲ ဗျို့ ။ ဒီတစ်ခေါက် အဲဒီ သရဲ လိုက်တာ မြန်တယ်နော်။ သိလား။ တော်တော်မြန်တာ။ အနောက်ကနေ တောက် တစ်ခတ်ခတ်နဲ့ ။ လမ်းထိပ်နဲ့ လည်း နီးရော။
“မြန်မြန်ပြေးဟ မြန်မြန်ပြေး” ဆိုပြီး အော်တဲ့ အသံတွေကြားလို့  လမ်းထိပ်ကို ကြည့် လိုက်တော့ ။ အနော်တို့ ညီအကို တွေ ရောက်နေပြီ။ စုပြီးလေ။ သူတို့ က လမ်းထဲမ၀င်လာရဲဝူး။ ဒါပေ့ မယ် ဘာဖြစ်နေလဲဆိုတာ သိတဲ့ ပုံပဲ။ ဒီလိုနဲ့ ပြေးရင်းလွှားရင်း။
သူတို့ ဆီရောက်သွားတယ်ဆိုပါတော့ ဗျာ။ အနော်တော်တော်ပင်ပန်းနေပြီ။ အနော် အကိုတွေလက်ထဲမှာ “ပုံခနဲ” လှဲတာပဲ။ သူတို့ ဆီရောက်တော့ ။ အဲဒီ သရဲက ဆက်မလိုက်တော့ ဝူးနော်။ သိလား။ လမ်းထိပ်ထိမလိုက်ဝူး။ နည်းနည်းလေး ကွာတဲ့ နေရာမှ ရပ်နေတာ။
အနော်လှည့် ကြည့် တော့ ။ အဲဒီမည်းမည်းကြီးက သေသေချာချာကြည့် နေသေးတယ်။ ပြီးတော “့တောက်” ခေါက်ပြီး ပြန်လှည့် သွားတယ်။ သွားရင်းသွားရင်းနဲ့  ပျောက်သွားတာဗျ။ တော်တော်ထူးဆန်းတယ်။ အခုထိ ကြက်သီးထတုန်း။ ပြန်တွေးမိတိုင်းပြောပါတယ်။ အနော်လည်း အကိုတွေ လက်ထဲမှာပဲ အနော်လွှတ်သွားတယ် ဆိုတာသိတော့ ။ တင်းထားတဲ့ စိတ်ကို ဖြေချလိုက်မိတယ် ထင်ပါတယ်။ အ၇မ်းလည်း ကြောက်သွားတယ်။ လူက အားကို မရှိတော့ တာ။ အဲဒါ အကိုတွေက အနော်ကို တွဲပြီး အိမ်ကို ခေါ်သွားကြတယ်။ ဟိုရောက်တော့  အဘွားတွေကို မပြောဝူး သူတို့  နှုတ်လုံတယ်။ အမတစ်ယောက်က ရေမန်းတစ်ခွက်လာတိုက်တယ်။ အဲဒါသောက်ပြီး အိပ်လိုက်တော့ တာပဲ။ တစ်ညလုံးဗျာ။ အိမ်မက်ဆိုးတွေနဲ့ လန့် လန့် နိးတယ်။ အိပ်လို့ ကို မပျော်ဝူး။ အဘွားကတောင် လှမ်းမေးတယ်။ အဲဒီကောင် ဖျားနေပြီလားမသိဘူးတဲ့ ။
မနက်ကျတော့ အဟုတ်ဖျားတော့ တာပါပဲဗျာ။ အကိုတွေ အမတွေက သိပေ့ မဲ့ လည်း ပြောရင် အနော်အတီးခံရမှာဆိုးလို့ မပြောဝူး။
အဘွားကလည်း ဒီကောင်ဖျားနေတာနဲ့  ပြန်လို့ ဖြစ်ပါ့မလားမသိဝူးတဲ့ ။ အနော်က အဲဒါနဲ့ ခပ်မြန်မြန်ပဲ။ ပြန်မှာသာ ပြန်ပါ အဘွားရယ် ဆိုပြီး ထပြောလိုက်ရတယ်။ ဟုတ်တယ်လေ။ မနေရဲတော့ ဘူး။ ကြောက်တာလည်း ပါတာပေါ့။ အဲဒါနဲ့ ပြန်လာခဲ့ တယ်ဆိုပါတော့ ဗျာ။
ဒါကတော့ အဲဒီနယ်မြို့ လေးမှာ အနော်တွေ့ ခဲ့ တဲ့  အဖြစ်အပျက်လေးပါ။ အခုရောက်လာတဲ့ အကိုကိုလည်း အဲဒီအကြောင်းမေးဖြစ်တော
“ လူနေအိမ်များလာလို့ ထင်တယ်ကွ၊ အခုနောက်ပိုင်းတော့ အရင်ကလို မခြောက်တော့ ဘူး။ အုတ်တံတိုင်း ဘက်မှာလည်း တိုက်တွေ ဖြစ်ကုန်ပြီလေ။ အဲဒီလမ်းက ညဆို စည်နေပြီဟ။ အဲဒါကြောင့် သရဲလည်း သူခြောက်ရမဲ့ သူများနေတော့  ခြောက်မနိုင်တော့ ဘူး ထင်ပါတယ်ကွာ” ဆိုပြီး ခပ်ဟဟ ရယ်နေလေရဲ့ ။ ။
COPY ဖြစ်ပါသည်..............................

Subscribe to:
Posts (Atom)